နို့စွဲ (စ/ဆုံး)
မူရင်းရေးသားသူ _ ဆရာတာတေလူ့လောကကြီးထဲမှာ ခင်ဗျားတို့ ကျုပ်တို့
မသိသေးတာတွေအများကြီး ရှိတယ်ဗျ။
တစ်ချို့ကိစ္စဆိုရင် ယုံနိုင်စရာတောင် မရှိ
ပါဘူးဗျာ။ တာတေဆိုတဲ့ကောင်က အင်
မတန်မှ စပ်စုတဲ့ကောင်ဗျ။ကျုပ်နေတာက ထနောင်းကုန်းလေ။ ကျုပ်
တို့ရွာနီးချုပ်စပ်မှာ လူသတ်တာတို့၊ ကြိုး
ဆွဲချတာတို့ ၊ အဆိပ်သောက်တာတို့ဆို
ရင် ကျုပ်က ရှေ့ဆုံးက ပြေးကြည့်တဲ့
ကောင်ဗျ။ ကျောင်းနေတဲ့အရွယ် ရောက်
ပြန်တော့လည်း ဘထစ်လိုကောင်နဲ့
သူငယ်ချင်းဖြစ်ပြီး သင်္ချိုင်းအကြိုအ
ကြားတွေ လျှောက်သွား၊ စပ်စပ်စုစု
တွေလုပ်၊ လူတွေ မမြင်အပ်တာတွေ
ကျုပ်တို့မြင်ပေါ့ဗျာ။အဲဒီလောက်တောင် နေရာတကာပါတဲ့
တာတေလို အကောင်တောင် အခုကြုံရ
တဲ့ကိစ္စမှာ မျက်လုံးပြူး မျက်ဆန်ပြူး
ဖြစ်ခဲ့ရတာဗျ။ ကျုပ်တို့ရွာ ထနောင်းကုန်း
မှာ သူကြီးက ဦးဘိုးထင်တဲ့ဗျ။ သူကြီး
သားအငယ်က ကိုသိန်းထင်တဲ့။ကိုသိန်းထင် အိမ်ထောင်ကျတော့ ဘုရား
ငုတ်တိုက မိန်းမနဲ့ ကျတာဗျ။ ဘုရားငုတ်တို
ဆိုတာက မြို့တောင်ဘက်မှာရှိတဲ့ ရွာလေ
ဗျာ။ ကိုသိန်းထင်မိန်းမနာမည်က မအောင်
မေတဲ့၊ မိန်းမချောပါဗျာ၊ ကိုကြီးသိန်းထင်နဲ့
တော့ အတော်ကလေးလိုက်ဖက်တာက
လား။ ပြောရဦးမယ်ဗျ။ ကျုပ်တို့သူကြီး
ဦးဘိုးထင်က လူပုသလောက် လွှတ်စိတ်
တိုတာဗျ။ သူကြီးက ရွာထဲက လူတွေ
တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရင်
အားကြီးဒေါသဖြစ်တာဗျ။ရန်များဖြစ်ပြီ ဆိုလို့ကတော့ တန်းထိပ်တုံး
ခတ်တာဗျ။ စစ်လားမေးလားတောင် သိပ်
လုပ်နေတာ မဟုတ်ပါဘူးဗျာ။ ကိုကြီးသိန်း
ထင်နဲ့ အစ်မ မအောင်မေနဲ့ မင်္ဂလာဆောင်
တော့ ကျုပ်တို့ ကာလသားတွေပဲ အား
လုံးတာဝန်ယူလုပ်ကြရတာပေါ့ဗျာ။သူကြီးသား မင်္ဂလာဆောင်ကိုဗျ။ ဘာ
ပြောကောင်းလိမ့်မလဲ။ လွှတ်စည်တာပေါ့ဗျာ။မနီးမဝေးမှာရှိတဲ့ မီးလောင်ကုန်း၊ ဘန့်
ဘွေးကုန်း၊ ငွေတွင်းကုန်း၊ဆရာမနိုင်ဆိုတဲ့
ရွာတွေ၊ ရွာတွေကပေါ့ဗျာ၊ သူကြီးနဲ့ ဆယ်
အိမ်ခေါင်းတွေ၊ အသိအကျွမ်းတွေ လာ
လိုက်ကြတာမှ၊ကျုပ်တို့တွေ ထမင်းကျွေး
လိုက်ရတာမှ လက်တွေပြုတ်ထွက်မလား
မှတ်ရတယ်။ လက်ဖွဲ့တွေလည်း ရလိုက်
တာမှ မနည်းမနောပါဗျာ။
YOU ARE READING
Myanmar Ghost Stories
Hororကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd