ကျုပ်တို့ရွာတွေ ဆိုတာက လျှပ်စစ်မီးရှိတာ
မဟုတ်ဘူးလေဗျာ၊ မိုးချုပ်ရင် မှောင်ရောဗျ။
မှောင်လည်း မှောင်ရော ပြူးတူးတူး
ကြောင်တောင်တောင် မျက်လုံးတွေနဲ့ ဝိုင်းထဲမှာ
လှစ်ခနဲ လှစ်ခနဲ ပြေးနေတဲ့ မြေကြွက်တွေ
ထွက်လာပါရောလားဗျာ။အစက ကျုပ်တို့အိမ်မှာ ရွှေဝါဆိုတဲ့
ကြောင်ဝါကြီး တစ်ကောင် ရှိတာဗျ။
နည်းတဲ့အကောင်ကြီး မဟုတ်ပါဘူးဗျာ။
ပြီးတော့ ရွှေဝါက ကြောင်သင်းကြီးဗျ။
ကြောင်သင်းဆိုတာ သင်းထားတဲ့
ကြောင်ကို ပြောတာ။ ကြောင်ထီးကြီးတွေကို
သင်းလိုက်ရင် လွှတ်ဝတာဗျို့။
ထွားလည်း တအားထွားတာ။တချို့ကတော့ ကိုယ့်ကြောင်ကို ကြီးစေချင်၊
ထွားစေချင်လို့ သင်းကြတာဗျ၊ တချို့ကျတော့လည်း
သနားလို့ မသင်းကြဘူးပေါ့ဗျာ။ ပြီးတော့
ကျုပ်တို့ ရွှေဝါကြီးကို တစ်နှစ်တစ်ခါ
ကွမ်းသီးစိမ်းနဲ့ ထန်းလျက်နဲ့ ထောင်းပြီး
ကျွေးမွေးထားတာဗျ။ အဲဒါ ကြောင်သံချဆေးလေ။အလုံးလေးလုံးပြီး နှစ်လုံးလောက် လည်ချောင်းထဲ
ရောက်အောင် ထိုးထည့်ပေးရတာပေါ့ဗျ။
အများကြီးတော့ မကျွေးရဘူးဗျ။ လက်သန်းဖျားလောက်
အလုံးလေးပေါ့ဗျာ၊ ကြောင်အားကြီးဝတာဗျို့။ဒီကောင် ရွှေဝါကြီးရှိတုန်းကတော့ ဝိုင်းထဲကို
ဘာကြွက်မှမလာဝံ့ဘူးဗျ၊ ရွှေဝါသေသွားပြီး
တော်တော်ကြာတော့မှ ကြွက်တွေ
ရောက်လာကြတာပေါ့ဗျာ။ဝိုင်းထဲမှာ တွေ့သမျှ ကြွက်တွင်းတွေလည်း
ပိတ်ဆို့ပစ်တာပါပဲ။ ဒါလည်း မရဘူးဗျ။
ကြွက်ဆိုတဲ့ အကောင်ကလည်း ဥာဏ်အပြေးသားဗျ။ဒီတွင်းကို ပိတ်ထားရင် တခြားနေရာမှာ
နောက်တစ်တွင်း ချက်ချင်းထပ်တူးတဲ့ ကောင်မျိုးဗျ။
နောက်ဆုံး ကိုယ့်ဝိုင်းထဲမှာ ကြွက်တွင်းမရှိအောင်
လုပ်ထားလည်း တခြားဝိုင်းကကြွက်က
ရောက်လာတာပဲဗျ။ အဘရဲ့ နှမ်းအိတ်တွေ၊
ပဲအိတ်တွေကို ဖောက်ပြီး စားတာဗျ။ကျုပ်တို့ အညာကြွက်ကြီးတွေ ဆိုတာ
နှမ်းတွေ၊ ပဲတွေ၊ စားပြီး အဆီတွေ တက်နေသလား
မပြောတတ်ပါဘူးဗျ။ ဝဝလုံးလုံးကောင်ကြီးတွေဗျ။
ကြောင်နက်တစ်ကောင် မွေးဖို့ကျတော့လည်း
ကျုပ်က တော်တော်စိတ်ကုန်သွားပြီဗျ။
ဘာဖြစ်လို့တုန်းဆိုတော့ ရွှေဝါရှိတုန်းကလည်း
ကျုပ် တော်တော် သံယောဇဉ် ဖြစ်မိတာဗျ။
YOU ARE READING
Myanmar Ghost Stories
Horrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd