ကျုပ်ငယ်ငယ်က ဆရာတော်တစ်ပါးဆီမှာအင်းပညာလိုက်စားဖူးတယ်ဗျ။အဘက စကားစပ်မိတိုင်း
အင်းချတဲ့အကြောင်းတွေ ကျုပ်ကိုပြောပြတတ်တယ်
ဒါပေမယ့် တစ်ခါမှတော့ ကျုပ်ကို သင်မပေးဖူးဘူးဗျ
ဆရာကြီးတွေနဲ့ လျှောက်လိုက်တော့လည်း
အင်းတွေတော်တော်များများ ကျုပ်မြင်ဖူးခဲ့တယ်။
လွှတ်စွမ်းတဲ့ အင်းတွေလည်း ကျုပ်ကို ဆရာကြီးတွေ
အပ်နှံထားတာ။ကျုပ်ဆီမှာ ရှိနေတာပဲ။
ဒါပေမယ့် ကျုပ်ကိုတော့ ဒီကနေ့အထိ အင်းချတဲ့
အင်းပညာကို ဘယ်သူကမှ သင်ပေးဖူးတာ
မရှိဖူးဗျ။အဘက ပြောပြောနေလို့ အင်းကျိုးတာ
အင်းကန်းတာ။အင်းပေါက်တာတွေတော့
ကြားဖူးနေတာပေါ့ဗျာ။
အင်းဆိုတာက သပ်သပ် ။အိုင်ဆိုတာက သပ်သပ်။
ခလဲ့ဆိုတာက သပ်သပ်။လက်ဖွဲ့ဆိုတာက သပ်သပ်ဗျ။
အင်းအိုင်ခလဲ့ လက်ဖွဲ့လို့သာ ပေါင်းပြောကြပေမယ့်
တစ်ခုနဲ့ တစ်ခု မတူဘူးဗျ။
ကျုပ်ဆရာတော် ဦးဂုဏလည်း အင်းတွေ
ချချနေတာ တွေ့သားပဲဗျ။ကျုပ်ကလည်း ဆရာတော်
ခိုင်းတာသာ လုပ်ပေးနေတာလေ။တစ်ခါမှ ပညာ
မတောင်းဖူးဘူး။သင်ဖို့လည်း တစ်ခါမှ စိတ်မရှိခဲ့ဘူးဗျ။
ဆရာကြီးတွေနဲ့ လိုက်နေကျဆိုတော့ အင်းတွေ
ဘယ်လောက်စွမ်းတယ်ဆိုတာကို ကျုပ်အသိဆုံး
ပေါ့ဗျာ။
"တာတော ဘာတွေများ ဒီလောက်စဉ်းစားနေတာတုံး
ဟဲ့ နင့်ကို ငါခေါ်နေတာ နှစ်ခါတောင် ရှိပြီး တာတေရဲ့"
အမေခေါ်တာကို ကျုပ်တကယ်ကိုမကြားလိုက်တာဗျ
ကျုပ်က ဟိုတွေးဒီတွေးနဲ့ အင်းအကြောင်းရောက်ပြီး
တွေးနေတာ။
"အမေ ကျုပ်ကို ဘာပြောမလို့တုံး"
YOU ARE READING
Myanmar Ghost Stories
Horrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd