ရာသီဥတုက အေးနေပြီဗျို့။ဒါပေမဲ့ သိပ်သိပ်သည်းသည်းကြီးတော့မအေးသေးပါဘူး။
နတ်တော်ဆန်းစဆိုတော့ မြောက်လေကတော့ တသုန်သုန်
ပေါ့ဗျာ။ ကျုပ်က မနက်စောစော အိပ်ရာက နိုးနိုးချင်းပဲ ထမင်းကြမ်း အရင်စားလိုက်တာဗျ။မနေ့က ကျန်တဲ့ အမေ့လက်ရာ ဝက်သားဟင်းနဲ့ သရက်ချဉ်
သုပ်ကလေးက လွှတ်ကောင်းတာဗျ။ထမင်းကြမ်းစားပြီးတာနဲ့ အဘ မြို့ကဝယ်လာတဲ့
စော်ဘွားနှုတ်ခမ်းမွေးလက်ဖက်ခြောက်နှပ်ထားတဲ့ ရေနွေးကြမ်း
လေးသောက်၊ ပြီးတော့ နဂါးဆေးပေါ့လိပ်ကလေး ဖွာရင်းနဲ့
အညာသားစည်းစိမ်လေး ခံစားနေတာပေါ့ဗျာ။"တာတေရေ၊ တာတေ"
"ဟဲ့ ဘယ်သူတုံး၊ ဝိုင်းဝက ခေါ်နေတာ"
"မသိဘူး အေမရ"
"နင်ကလည်း ထထက်ကြည့်ဦးလေး
တာတေရယ်"အမေပြောတာနဲ့ ကျုပ် ထပြီးကြည့်လိုက်တယ်ဗျ။ မီးလောင်ကုန်းက
မြို့သာပဲဗျ။ဒီကောင် ကျုပ်နဲ့ ခင်ပေမယ့် အိမ်တော့လာခဲတဲ့ကောင်ဗျ"ဟေ့ကောင် မြို့သာ လာလေကွာ"
ကျုပ်က အိမ်ပေါ်က အသံပေးလိုက်တော့
မှ ဒီကောင် ဝိုင်းထဲ ဝင်လာတာဗျ။
မြို့သာက အရပ်တယ်ဗျ။ ဒါပေမဲ့ ရုပ်ကလေးကတော့ အဖြောင့်သားဗျ။"မြို့သာ စောစောစီးစီးပါလား၊ ဘယ်သွားမလို့တုံး"
ကျုပ်က မေးလိုက်တော့ ဒီကောင်ကခေါင်းခါပြရင်း ကျုပ်ထိုင်နေတဲ့
ခုံတန်းလျားလေးမှာ ဝင်ထိုင်လိုက်တယ်။ကျုပ်ကလည်း
ရေနွေးကြမ်းတစ်ပန်းကန်ငှဲ့ပေးလိုက်တယ်။ ပြီးတော့မှ
နဂါးဆေးပေါ့လိပ်တစ်လိပ်နဲ့ မီးခတ်ကလေး ပေးလိုက်တယ်။
မြို့သာက မီးခတ်ကလေးကို သေသေချာချာ ငုံ့ကြည့်ပြီး..."မင်း မီးခတ်လည်း ဒေါ်ရီပဲလား၊
ငါ့မီးခတ်လည်း ဒေါ်ရီပဲကွ၊ ဓနုဖြူမီးခတ်ပဲ ကောင်းတာကွ""အေး ဟုတ်တယ် မြို့သာရဲ့၊ ဓနုဖြူက
ကြေးမီးခတ်ကလေးတွေက တော်တော်ကို အသုံးခံတာကွ"
မြို့သာက မီးခတ်အဖုံးဖွင့်ပြီး ခြစ်လိုက်တယ်
YOU ARE READING
Myanmar Ghost Stories
Kinh dịကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd