သွေးကြွေးတောင်းတဲ့ည
....................................
ရေးသားသူ..တာတေနောက်နေ့မနက်စောစော ကျုပ်အိပ်ရာထတယ်။
မိုးလေးတွေ ဖျိုးဖျိုးဖျောက်ဖျောက် ရွာလို့ဗျ။ အညာမိုးလေဗျာ။ မိုးသားတွေသာ တက်လာတာဗျ။ ရွာတာက နည်းသားပဲ။ ရွာပြန်တော့ လည်း ကိုယ်မစွတ်ဘူး။ ဒါပေမဲ့ ဒီလောက်ရွာရင်ကိုပဲ ကျုပ်တို့အညာသား တွေက ကျေနပ်လှပါပြီဗျာ။ထမင်းကြမ်းလေးစားပြီးတာနဲ့ မီးလောင်ကုန်းကို ထွက်ခဲ့တယ်။ ရွာအနောက်ထွက်ပြီး တောင်ချိုးလိုက်ရင် မီးလောင်ကုန်းသွားတဲ့လမ်းက ဖြူးနေတာဗျ။ ခြေလျင်လျှောက်လို့ကတော့ ခပ်သွက်သွက်လျှောက်ရင်နာရီဝက်ပါပဲဗျာ။
““တာတေပါလားဟ၊ စောစောစီးစီး ဘယ်သွားမလို့တုံး”
“ကိုဘကျော်တို့အိမ်ကိုကွ ချစ်ထွေးရ၊ မင်းရော ဘယ်သွားမလို့တုံး”“ငါ့အဘ ခိုင်းလိုက်လို့ကွ၊ ငွေတွင်းကုန်းဘက်သွားမလို့၊ ဒါနဲ့ မနေ့က ငါတို့ မီးလောင်ကုန်းသင်္ချိုင်းထဲမှာ ကဝေတွေ တိုက်ကြခိုက်ကြ တယ်ဆိုပဲကွ။ ကဝေငါးယောက်တောင် သေနေလို့ ရွာထဲက လူတွေစုသွား ပြီး မြေကျင်းတွေတူးပြီး မြှုပ်လိုက်ကြရတယ်ကွ၊ ငါ့အဘတောင် မြေကျင်း တူးဖို့ ပါသွားသေးတယ်”
“အေး ငါလည်း ကြားတယ်ကွ ချစ်ထွေးရ၊ ကဲ ကဲ မင်းလည်း သွားစရာရှိတာ သွားတော့လေ၊ တော်ကြာ နေသိပ်ပူနေဦးမယ်၊ စောစောက ရွာနေတဲ့ မိုးလေးက တိတ်သွားပြီ၊ မိုးတိတ်သွားရင် နေပူလာရောကွ 'အေး အေး သွားပြီဟေ့”
ချစ်ထွေး ထွက်သွားပြီးတော့ မီးလောင်ကုန်းတောင်ပိုင်းမှာနေတဲ့ ကိုဘကျော်တို့ဝိုင်းကို ကျုပ်တန်းသွားတာဗျ။
“ဟာ တာတေပါလား၊ လာကွ၊ ငါ့ကောင် စောစောစီးစီး လာပုံ ထောက်ရင် အကြောင်းတော့ ထူးပြီထင်တယ်”
“အင်း ဆိုပါတော့ ကိုကြီးဘကျော်ရယ်”
လို့ ပြောရင်း ကျုပ်က ကိုဘကျော်တို့အိမ်ပေါ် တက်လိုက်တယ် ဗျ။ကိုကြီးဘကျော်က အသက်သုံးဆယ်ကျော်လောက်ရှိပြီ။ အိမ်ထောင် တော့ မကျသေးဘူးဗျ။ သူ့မိဘတွေယာမှာပဲ ဝိုင်းလုပ်နေတာ၊ လူကတော့ လွှတ်ရိုးတဲ့လူဗျ။““ကဲ လာထိုင် တာတေ၊ အတော်ပဲ၊ ငါကလည်း နဂါးပဲသောက် တာဆိုတော့ မင်းနဲ့တော့ အံကိုက်ပဲကွ။ ရော့ အမောပြေ ဖွာလိုက်ဦး” ကျုပ်က ကိုဘကျော်တည်တဲ့ နဂါးဆေးပေါ့လိပ်ကလေးကို မီးညှိပြီး ဖွာလိုက်တယ်။
YOU ARE READING
Myanmar Ghost Stories
Horrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd