ဒီတုန်းက ကျုပ်က အသက်ဆယ့်နှစ်နှစ်ဗျ။
အတန်းက ခြောက်တန်း။
မြို့ကျောင်းမှာတက်နေတာ။
ကျုပ်ဘကြီးအိမ်မှာ နေတာလေဗျာ။
အရင်ဝတ္ထုတွေမှာ ကျုပ်ဘကြီးအကြောင်းတွေ
ရေးခဲ့ဖူးပါတယ်။ကျုပ်ဘကြီးက ထန်းလျက်ချောင်း သိပ်ကြိုက်တာဗျ။
ထန်းလျက်ချောင်းတောင်မှ မြောက်ပိုင်းက
သီတာလမ်းမှာနေတဲ့ ဒေါ်မြကြီးထန်းလျက်ချောင်းကို
ကြိုက်တာဗျို့။ တစ်ခါ တစ်ခါ ဝယ်ရင် ထန်းလျက်ချောင်း
ငါးဆယ်ဝယ်ရတာဗျ။ ကျုပ်ဝယ်လာတဲ့ ထန်းလျက်
ချောင်းတွေကို ဖန်ပုလင်းကြီးထဲ ထည့်ပြီး
သိမ်းထားတာဗျ။ပြီးတော့မှ နည်းနည်းချင်း ယူစားတာဗျို့။
ဒီညလည်း ကျုပ်ကို မြို့မြောက်ပိုင်းမှာ
ထန်းလျက်ချောင်း အဝယ်လွှတ်တယ်ဗျ။"တာတေ မင်းဆရာအိမ်မှာ သင်္ချာတွက်ပြီးရင်
ဒေါ်မြကြီးအိမ်ကို သွားဦးကွာ။ ဘကြီးကို
ထန်းလျက်ချောင်း ဝယ်ပေးဦး"ကျုပ်က ဘကြီးရဲ့ ထန်းလျက်ချောင်းပုလင်းကို
လှမ်းကြည့်လိုက်တယ်။ ဟုတ်သားဗျ။
ဘကြီးမှာ ထန်းလျက်ချောင်းကုန်နေတာပဲ။
သူများထန်းလျက်ချောင်းတွေက ဆယ်ပြားပဲ
ပေးရတာ။ ဒေါ်မြကြီး ထန်းလျက်ချောင်းက
ဆယ့်ငါးပြားတောင်ပေးရသဗျ။ကောင်းလည်းကောင်းတာကို ပေးရမှာပေါ့ဗျာ။
"ဟုတ်ကဲ့ ဘကြီး ကျုပ်ပြန်တော့ဝယ်ခဲ့မယ် "
ဘကြီးက ကျုပ်ကို ထန်းလျက်ချောင်းဖိုး
ပိုက်ဆံခုနှစ်ကျပ်ခွဲပေးတယ်။ ကျုပ်က
ဆရာ့အိမ်မှာ ညဘက်သွား သင်္ချာတွက်
နေကြဗျ။ ကျုပ်တို့ သင်္ချာဆရာ ဦးမောင်တုတ်
ဆိုတာ အသက်လေးဆယ်ကျော်ပဲ ရှိသေးတာ။လွှတ်စည်းကမ်းကြီးတဲ့ ဆရာ၊ ဘယ်ကျောင်းသား
ကိုမှ မျက်နှာသာမပေးဘူး။ ဒါပေမယ
့် စေတနာကလည်း ကောင်းချက်ဗျာ။"သင်္ချာညံ့တဲ့ကောင်တွေ သင်္ချာတော်ချင်တဲ့ကောင်တွေ
ငါ့အိမ်ကို ညခုနှစ်နာရီ အရောက်လာပြီး သင်္ချာတွက်
ကြရမယ် ကြားလား"ဦးမောင်တုတ်က လူပျိုကြီးဗျ။ တစ်ယောက်တည်း
နေတာ။ သူ့ဟာသူ ထမင်းချက်စားရတာ။
သင်္ချာသင်တာတော့ လွှတ်တော်တာဗျ။
ကျုပ်တို့တွေ အကုန်လုံးက သူ့ဆိုရင်
ချစ်ကြောက်ရိုသေပဲ။
YOU ARE READING
Myanmar Ghost Stories
Terrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd