unicode
ဝီး..... ဝေါ် ၊ ဝီး.....ဝေါ်၊ ဝီး.....ဝေါ်
ambulance ကားအသံများဟာဆူညံနေလျက် Diamond Hospital အတွင်းသို့ ရောက်ရှိလာခဲ့သည်။ ထိုကားတစ်စီးအတွင်း၌ပါလာသော လူနာတင်လှည်းပေါ်ရှိ သွေးအလှိမ့်လှိမ့်နှင့်အမျိုးသမီးငယ်တစ်ဦး။''လူနာအခြေအနေ ဘယ်လိုရှိလဲ''
တာဝန်ကျဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာအေးမြရည်၏ အမေးစကား''ဟင် ဒေါက်တာ ဒါက''
သူ၏အမေးအားမဖြေဘဲ လူနာရဲ့မျက်နှာကိုကြောင်ကြည့်ကာထွက်ပေါ်လာသော သူနာပြုမေရဲ့အသံကြောင့် သူလူနာတင်လှည်းပေါ်ရှိ လူရဲ့မျက်နှာအားသေချာစွာကြည့်မိတော့''ဟယ် ဝတ်လွှာ''
မြန်မာနိုင်ငံရဲ့ top 10 စာရင်းဝင် M & W company ရဲ့ ဥက္ကဋ္ဌကြီး ဦးထွန်းကိုကိုမောင် နှင့် တရားသူကြီးအဖြစ်မှအနားယူထားသော ဒေါ်ယွန်းမြတ်လွှာ တို့၏ အငယ်ဆုံးသမီး၊ အသက်၂၄နှစ်ရှိပြီဖြစ်သည့် ရှေ့နေပေါက်စလေး 'ရွှေဝတ်လွှာ'။
~~~~~~
"ရား ဖမ်းထား တစ်ယောက်မှမလွတ်စေနဲ့"
လူကြီးသားသမီးတွေသာ ကျက်စားပျော်ပါးကြသည့်တရားမဝင်ဘားအတွင်း၌ မူးယစ်ဆေးဝါးသုံးစွဲနေကြသည့် လူငယ်တစ်စု။ သူတို့ကိုမြင်သည်နှင့် ခွေးပြေးဝက်ပြေး ပြေးသူများနှင့် ဆေးရှိန်တက်ကာ ပြေးဖို့သတိမရသည့်သူများ။ ထွက်ပြေးသူများအား လိုက်လံဖမ်းဆီးနေသော ရဲတစ်ချို့။ ထိုရဲများထဲတွင်''ဖမ်းမိပါပြီး အမှုစစ်ကြီး''
"ခင်များကို မယွန်းမြတ်ကိုကိုအားသတ်မှုနှင့်ဖမ်းဆီးလိုက်ပြီး" ဟု ဆိုကာလက်ထိပ်ခတ်လိုက်သော အမျိုးသားတစ်ဦး။"ဘာတွေပြောနေတာလဲ။ ငါမဟုတ်ဘူး။ ငါမဟုတ်ဘူးလို့ ပြောနေတယ်မလား။ လွှတ်စမ်း။ ဒီခွေးသားတော့ မလွှတ်ဘူးလား ။ ရား ငါဘယ်ဘယ်သူလဲမသိဘူးလား။ သေချင်နေတာလား ဟမ်။"
"အာ နားညီးလိုက်တာ။ တိတ်တိတ်မနေဘူးလား"
ထိုဆေးကြောင်ပြီး အ့အော်ဟစ်သောင်းကျန်းကာ ဆဲဆိုနေသော သကောင့်သားအား ပြန်အော်လိုက်သော အမျိုးသမီးအမှုစစ်ဆိုသူ။"နင်ဘယ်သူလဲ။ သေချင်နေလို့ ငါ့ကိုဖမ်းနေတာလား ဟမ်"။
"နင် ငါဘယ်သူလဲဆိုတာ သိနေတာလား။ ဟုတ်တယ်မလား သိနေတယ်မလား။ ဝါး သိသိလျက်နဲ့ ဖမ်းတာလား။ သတ္တိတော့မသေးဘူးဘဲ။ အဲလိုမျိုးကိုကြိုက်တယ်"။
သူဘာပြောပြော စောက်ဂရုမစိုက်သောထိုမိန်းမအား သူအမြင်ကပ်လာပြီး။ ဘယ်သူ့အားကိုးနဲ့သူရှေ့လာမိုက်ပြနေရတာလဲ။ ဒေါသထွက်လိုက်တာ။
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Mystery / Thrillerပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။