Unicodeနာမည်ကြီးစားသောက်ဆိုင်တစ်ခုရဲ့ VIP အခန်းအတွင်း၌ လျှို့ဝှက်စွာတွေ့ဆုံးနေကြသော အမျိုးသမီးကြီးတစ်ယောက်နှင့် သဇင်မြတ်နိုးဟုအမည်ရသည့် မိန်းကလေးတစ်ဦး။
"အခြေအနေဘယ်လိုရှိလဲ"
"သူ အခုထိ မမှတ်မိသေးဘူးလား""ဟုတ်ကဲ့ မမှတ်မိသေးဘူးထင်တယ်"
"ငါ့အစီအစဥ်ပြီးမြောက်ဖို့ဆို သူ့ကိုလိုအပ်တယ်
အရင်ကငါ ဆုံးဖြတ်ချက်ချတာနည်းနည်းစောသွားတယ် ဒါပေမဲ့ တော်သေးတာပေါ့ မသေသွားလို့
ဟုတ်တယ်မလား""ဟုတ်ကဲ့"
"ပြီးတော့ သူလိုချင်တဲ့အကြောင်းအရာမှန်သမျှ အကုန်ရှာပေးလိုက် တစ်ခုတလေတောင်မကျန်စေဘဲ ဟုတ်ပြီးနော်"
"ဟုတ်ကဲ့ ဒါပေမဲ့ သူသာ အရာအားလုံးပြန်မှတ်မိလာရင် ပြဿနာမရှိဘူးလား"
"ပြဿနာ ဟင်းဟင်း .. မရှိဘူး။ ရှိခဲ့ရင်တောင် သူက ဘာမှလုပ်နိုင်မှာမဟုတ်ဘူး အရင်ကရော အခုရော ဘာလို့လဲသိလား အခုငါရှိနေတဲ့နေရာက သူ့ထက်အဆပေါင်းများစွာမြင့်ပြီး သူလက်လှမ်းလို့တောင်မမှီနိုင်တဲ့နေရာဖြစ်နေလို့ဘဲ"
"ဟုတ် သိပါပြီ"
"အင်း သွားလို့ရပြီး"
"ဟုတ်ကဲ့ သွားခွင့်ပြုပါဦး"
ထွက်သွားသော သဇင်မြတ်နိုးရဲ့ကျောပြင်အားကြည့်ရင်း
"သူက ယုံကြည်လို့ရရဲ့လား မဒမ်"
"သူ့ရဲ့ အားနည်းချက်က တို့စီမှာရှိတာမို့ စိတ်မပူပါနဲ့"
အားနည်းချက် လူတိုင်းမှာအားနည်းချက်ဆိုတာ
ရှိစမြဲဘဲ။ အဲဒီအားနည်းချက်တွေက လူသားတွေကို ဆင်ခြင်တုံးတရားကင်းမဲ့ကာ မျက်ကန်းဖြစ်စေနိုင်တဲ့အထိကို အင်အားကြီးမားလွန်းတယ်။ သူ့မှာလဲရှိတယ် အဲဒီလိုမျိုးအားနည်းချက်။ သူ့အားနည်းချက်ကိုသိသွားရင် လူတစ်ယောက်ကိုသတ်ပစ်ဖို့ ဝန်မလေးရလောက်တဲ့အထိကို ကြီးမားလွန်းတယ်။
ဒါကြောင့်လဲ ရွှေဝတ်လွှာဆိုသည့် မိန်းကလေးအား သူရှင်းပစ်ရန်ကြိုးစားခဲ့တယ်။ ထိုမိန်းကလေးဟာ သူရောက်ချင်နေတဲ့နေရာအတွက် လျှို့ဝှက်တံခါးတစ်ချပ်ဖြစ်နေခဲ့တာကိုတော့နောက်ကျမှသိခဲ့ရတယ်။ သို့သော်လည်း ကံကောင်းထောက်မစွာ အသက်ဆက်ရှင်နေသည့်မိန်းကလေးဟာ ကျော့မာယာနွယ်ဆိုတဲ့သူ့အတွက် ဒီလောကကြီးဟာ သူ့အပိုင်ဖြစ်လာအောင်ပြုလုပ်ပေးမဲ့ ဆုလာဘ်တစ်ခုဖြစ်လာခဲ့တယ်။
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Mystery / Thrillerပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။