Part 14

787 46 0
                                    


Part 14

Unicode

'Rising Moon' club၌

''နင်တကယ် လက်ထပ်တော့မှာလား''
''ပြီးတော့ မိန်းမတစ်ယောက်နဲ့တဲ့လား ငါတို့သူငယ်ချင်း ကောင်းမြတ်ဟိန်းကရော ဘယ်လိုလုပ်
မလဲ''

''မသိဘူး''

သူတို့ဘေးတစ်ဖက်ဝိုင်းမှာ သောက်နေကြတဲ့ယောက်ျားလေးသုံးယောက်ထဲမှ မီးခိုရောင်ရှပ်အက်ျီနှင့်သူအားကြည့်ကာဆိုလာသည့်သူ့ရှေ့ကမိန်းကလေးဖြစ်သူကြောင့် သူလဲထိုဝိုင်းအားကြည့်မိတော့ ထိုသူက ရီဝေဝေဖြင့်သူ့အားကြည့်နေသည်နှင့်ဆုံလေသည်။ ထိုသူ သူ့ကိုကြည့်တဲ့မျက်လုံးတွေကထူးဆန်းတယ် အရောင်တစ်မျိုးပါနေတယ် ဘာပါ
လိမ့် သို့သော် သူအမြန်ပင်အကြည့်လွှဲလိုက်သည်
ထိုသူက ရွှေဝတ်လွှာရဲ့ရည်းစားဆိုသူ အရင်က
သူဖမ်းမိပြီး ရဲမှုးကြီးကြောင့် ပြန်လွှတ်ပေးခဲ့ရတဲ့ ဆေးစွဲနေတဲ့သကောင့်သား။ သူ(မေမြတ်ကိုကို)က ထိုသူလက်ထဲမှာများရှိနေလောက်မလား ဒါပေမဲ့ သူရဲ့နောက်ဆုံးမှတ်ဉာဏ်မှာတော့ ထိုသူမဟုတ်ဘူးရယ် လက်ကောက်ဝတ်မှာမြွေပုံတက်တူးနဲ့သူ ပြီးတော့..
သေချာမမှတ်မိတော့ဘူး။ အခု ရွှေဝတ်လွှာရဲ့သူငယ်ချင်းဆိုသူတွေကလဲ လူကြီးသားသမီးတွေ လူချမ်းသာသားသမီးတွေကြီးသာ ဆိုတော့ကား...

ဒေါက်တာပြန်ပို့ပြီး ညနေကျတော့ရွှေဝတ်လွှာရဲ့သူငယ်ချင်းတွေက သူ့အား ဒီညclubသွားကြရအောင်ဆိုပြီး ဖုန်းဆက်လာတာကြောင့် သူအခု Rising Moonအမည်ရတဲ့လူချမ်းသာသူဋ္ဌေးသားသမီးတွေသာတက်ကြတဲ့ clubထဲမှာရှိနေသည်။ သူမလိုက်ချင်ဘူးဟုဖုန်းထဲ၌ငြင်းသော်လည်း သူငယ်ချင်းဖြစ်သူတွေက လူကိုယ်တိုင် အိမ်တိုင်ရာရောက်လာခေါ်လေသည်။ အကြောင်းကား သူလက်ထပ်တော့မှာမို့ သူ့အား သူတို့သောက်စားသမျှကို ဒိုင်ခံရှင်းပေးရမည်ဟု အတင်းမရမကဆွဲခေါ်ခြင်းပင်။ မေမေနဲ့မမကြီးကတော့ မသွားစေချင်သည့်မျက်နှာမျိုးဖြင့် သို့သော်မတားခဲ့ များများမသောက်နဲ့နော်ငယ်လေးဟုသာမှာခဲ့သည်။ ဖေဖေဖြစ်သူကတော့ ကုမ္ပဏီကပြန်မရောက်သေး..အကိုလေးဖြစ်သူက သူဒေါက်တာနဲ့အပြင်မှာရှိချိန် အိမ်ကိုခဏပြန်ရောက်လာပြီ သူပြန်မရောက်ခင်မှာဘဲ ပြန်ထွက်သွားသည်ဟုမေမေဖြစ်သူကဆိုသည်။ ထို့ကြောင့် အကိုလေးဖြစ်သူနှင့်မဆုံဖြစ်ခဲ့။

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now