Part 18

756 38 0
                                    

Unicode

''မေမေ သက်သာနေပါပြီး ငယ်လေးရဲ့''
''ပြန်တော့လေ ငယ်လေး လာတာမနက်မိုးလင်းကတည်းက အခုနေတောင်ဝင်တော့မယ်''
''သမီးနှင်းနှင်းတို့ စိတ်ပူနေဦးမယ်''

''ရပါတယ် ကျွန်မ.. အယ်.. ငယ် ဒေါက်တာနဲ့
ဒေါက်တာ့မာမီတို့ကိုပြောထားတယ်''

''ဒါပေမဲ့..''

''ဒါပေမမဲ့နေနဲ့တော့ မေမေ ငယ်စိတ်ဆိုးတယ်နော်
ငယ့်ကိုမေမေနေမကောင်းဖြစ်တာကို ဘာလို့အခုမှပြောရတာလဲ ဒါတောင်မမကြီးပြောလို့သိရတာ''

မနေ့ည ၁၁နာရီလောက် မမကြီးဆိုသူကဖုန်းဆက်တာကြောင့် အမေဖြစ်သူနေမကောင်းကြောင်းသိလိုက်ရသည်။ ကြားကြားချင်း ချက်ချင်းပင် သွားချင်သော်လည်း ညဥ့်နက်နေပြီးဖြစ်တာကြောင့် မနက်မှလာကြရန် ပြောလေသည်။
သူတို့စကားပြောသည်ကိုဒေါက်တာကြားတော့ အိပ်ချင်မူးတူးဖြင့်ထကာ သူ့အား ကလေးမအခုချက်ချင်းသွားချင်လား သွားချင်ရင် တို့လိုက်ပို့ပေးမယ်ဟုဆိုကာ ညဝတ်အင်္ကျီအား ကောက်လဲနေသည်ကြောင့် သူမှာအမြန်ပင်တားလိုက်ရသည်။ ဒေါက်တာက တစ်နေကုန်ပင်ပန်းထားလို့ အနားယူနေတာကို သူ့ကြောင့်နဲ့အနှောင့်အယှက်မဖြစ်စေလို။ ထို့ကြောင့် မမကြီးပြောသည့်အတိုင်းပင် မနက်မှသွားရန်သာ ဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့် ယနေ့မနက် ၆နာရီလောက်ကတည်းက ရွှေဝတ်လွှာရဲ့အိမ်ကိုရောက်နေခြင်းပင်။ မနက်အစောထလိုက်ရလို့ အိပ်ရေးပျက်သွားသည့်ဒေါက်တာကတော့ သူ့အားလိုက်ပို့ပေးပြီး အမေဖြစ်သူအား စမ်းသပ်ပေးခဲ့ကာ သူမရဲ့အလုပ်ချိန်ကျတော့ သူမတာဝန်ထမ်းဆောင်ရာ ဆေးရုံသို့သွားရန် ပြန်လွှတ်လိုက်ရသည်။

''ငယ်လေး စိတ်ပူမှာစိုးလို့ပါ ဘာမှကြီးကြီးမားမားဖြစ်တာမှမဟုတ်တာ ငယ်လေးရဲ့''
"သော်တာကလဲနော် နေကောင်းနေပါပြီဆို ငယ်လေးကိုပြောဖြစ်အောင်ပြောလိုက်သေးတယ်"

"ပြောရမှာပေါ့ မေမေရယ် မေမေ ငယ်လေးကို ဘယ်လောက်တောင်သတိရနေလဲ တွေ့ချင်နေလဲဆိုတာ သမီးသိတာပေါ့"
"မေမေတို့များနော် သူ့သမီးငယ်လေးကိုတွေ့လိုက်ယုံနဲ့ မျက်နှာတွေကိုလန်းလာတာဘဲ အရင်နေ့တွေနဲ့များကွာပါ့ ကြည့်ပါဦး အရင်နေ့တွေကမသောက်ချင်လို့အတင်းတိုက်ယူရတဲ့ ဆန်ပြုတ်တောင် အခုတော့ပြောင်သလင်းကိုခါလို့ ဟွန့် ပြောကိုမပြောချင်ပါဘူး နော် ကောင်းမြတ်"

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now