Final Part

1.7K 61 1
                                    


Unicode

တုံ့ပြန်မှုတစ်စုံတရာမည်သည်မရှိ။ သူမအခေါက်ပေါင်းမြောက်မြားစွာခေါ်သော်လည်း မည်သည့်တုံ့ပြန်ချက်မှမရှိ။

သူမတို့အခြေအနေကို ဘေးကမြတ်နိုးသဇင်က ရိပ်မိသွားကာ ဆေးရုံကားအမြန်ခေါ်ပြီး
သူမတို့ဆေးရုံဆီသို့ဦးတည်လိုက်သည်။

'တီ...တီ..တီ..'

ဆေးရုံကိုရောက်တော့ မြတ်နိုးသဇင်နဲ့အတူ ကလေးမရဲ့မိသားစုတွေကတော့ အရေးပေါ်ကယ်ဆယ်မှုတွေပြုလုပ်နေရတဲ့သူမကလေးမကိုကြည့်ပြီးငိုနေခဲ့ပေမဲ့
သူမကတော့မျက်ရည်တွေကိုအတင်းချုပ်တည်းထားခဲ့တယ်။ အဘယ့်ကြောင့်ဆို ကလေးမက သူမ သူ့ကြောင့်မျက်ရည်ကျတာကိုမကြိုက်ဘူးလေ။
ပြီးတော့ ကလေးမကသူမဆီပြန်လာမှာလို့ ကတိပေးထားတာကို။ သူမငိုစရာအကြောင်းမှမရှိတာ။

"တောင်းပန်ပါတယ် လူနာက ဆေးရုံကိုမရောက်ခင်ကတည်းက နှလုံးခုန်ရပ်ပြီးနှင့်ပြီဖြစ်တာမို့ 
ကျွန်တော်တို့အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမဲ့လဲ..
စိတ်မကောင်းပါဘူး
လူနာရဲ့အသက်ကိုမမှီလိုက်ပါဘူးခင်ဗျာ"

ထိုစကားအဆုံးကလေးမရဲ့မိသားစုက ချုံ့ပွဲချငိုကြလေသည်။ သူမကတော့ ပါးပြင်ထက် မျက်ရည်
တစ်စက်မှကျဆင်းမလာလေအောင် တားဆီးလျက်သာဖြင့်။

"နှင်းနှင်း ငိုချင်ရင်ငိုချလိုက်
ချုပ်တည်းမထားနဲ့
မာမီပြောတာကြားလား"

မျက်ရည်များ မျက်ဝန်းထဲအပြည့်ရစ်ဝိုင်းနေသော်လည်း တစက်ကလေးတောင်မှ ကျဆင်းလာခြင်းမရှိဘဲ မျက်ခမ်းစပ်တွေသာနီရဲနေလျက်။
လက်နှစ်ဖက်ဟာလဲ တင်းကျပ်စွာဖြင့်လက်သီးဆုပ်ထားကာ တဆတ်ဆတ် တုန်ယင်နေပြန်သည်။ လူနာတွေကို ကိုင်တွယ်ရာမှာ တည်ငြိမ်ထက်မြက်လှသလို၊ ခက်ခဲလှတဲ့ ခွဲစိတ်မှုတွေကိုတောင် တုန်လှုပ်ခြင်းမရှိသည့် ဒေါက်တာရွှေဝတ်ရည်နှင်းနဲ့ကွဲပြားစွာ ဆေးရုံကိုရောက်ကတည်းက မည်သူ့ကိုမှလဲ ဂရုမမူကာ ဇနီးဖြစ်သူသာကြည့်ပြီး ကတုန်ကယင် ဖြစ်နေသည့် သမီးဖြစ်သူ။ ထိုအခြေအနေကြောင့် သမီးဝတ်လွှာကို အခြားတာဝန်ကျဆရာဝန်တွေကသာ ကိုင်တွယ်လိုက်ရသည်။ ထိုဆရာဝန်များ တာဝန်ယူကုသပေးနေသည်ကိုသာ ကျောက်ရုပ်ကြီးပမာ မျက်တောင်မခတ်တမ်း
စိုက်ကြည့်နေပြီး မည်သည့်စကားတစ်ခွန်းမျှလဲမဆို။

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now