Unicode'µý fløwęř' အမည်ရသော ပန်းဆိုင်တစ်ဆိုင်တွင်
'ချွင်'
ဝှီးလ်ချဲနှင့်မိန်းကလေးတစ်ဦး ဆိုင်အတွင်းသို့ဝင်လာလေသည်။ သူမအားမြင်တော့ ဆိုင်ထဲရှိ မိန်းကလေးက''ကြိုဆိုပါ... အယ် အမမီရောက်လာပြီးလား....ဒီနေ့အစောကြီးဘဲ''
''အင်း''
''သွယ် မနေ့ကသတင်းမှာတွေ့လိုက်တယ် တကယ်ဘဲအမမေမြတ်များလား ဟင်''
''ဟင်အင်း မဟုတ်ဘူး မေမြတ်မဟုတ်ဘူး''
''တကယ်လား တကယ်မဟုတ်ဘူးမလား တော်သေးတာပေါ့ အမမေမြတ်မဟုတ်လို့ တကယ်တော်သေးတာပေါ့
ဒါဆို အမမေမြတ်ကဘယ်မှာများရှိနေတာလဲ စုံစမ်းလို့ရပြီးလားဟင် အမမီ''''မရသေးဘူး မေမြတ်အကြောင်းနည်းနည်းလေးတောင်
မသိရသေးဘူး ဘယ်မှာရှိနေတာလဲ အဆင်မှပြေပါ့မလား နေရောကောင်းရဲ့လား တစ်ခုလေးတောင် တကယ်ကို တစ်ခုလေးတောင် အခုချိန်ထိကိုမသိရသေးပါဘူးကွယ်''ပြောရင်းနဲ့ပင် ငိုချလာသည့်အမဇင်မီ။ အမဇင်မီဟာ သူမနှင့်သွေးသားမတော်စပ်သည့် သူမထက်၂နှစ်ငယ်သည့် အမမေမြတ်အားအလွန်ချစ်သည်။ သွယ်က အမဇင်မီဆိုင်စဖွင့်ပြီး သိပ်မကြာခင်မှာပင် ဒီဆိုင်မှာအလုပ်ဝင်လုပ်နေခဲ့သည်။ အမဇင်မီတို့က သွယ့်ကိုသူတို့အလုပ်သမားလိုသဘောမထားဘဲ သူ့တို့ရဲ့ညီမလေးလိုမျိုးသဘောထားကာအမြဲ ဆိုဆုံးမလေ့ရှိသည်။ တစ်ခါတစ်ခါဆို သူမတို့ကဒီလိုအခြေအနေမျိုးရောက်လာအောင်ဘယ်လိုရုန်းကန်ခဲ့ရကြောင်းကိုလဲ သူ့အား ပြောပြလေ့ရှိသည်။ သူမယုံနိုင်သည့်အမဇင်မီပြောပြသည့်အကြောင်းအရာတစ်ခုက အမမေမြတ်ကအချွဲလေးဆိုတာကိုပင် အဘယ့်ကြောင့်ဆို အမမေမြတ်ကအမြဲလိုရုပ်တည်ကြီးနဲ့နေတတ်သည်လေ။အမဇင်မီသူ့အားအများဆုံးပြောပြလေ့ရှိသည်ကတော့ အမမေမြတ်ရဲ့အကြောင်းကိုပင်။ အမဇင်မီဟာ အမမေမြတ်အကြောင်းပြောသည့်အခါတိုင်း အပြုံးတွေကအလွန်ကိုမှအသက်ဝင်လှသည်ကိုလဲ သူသတိထားမိသည်။
ဒါပေမဲ့ဟိုတလောကဖြစ်ပျက်ခဲ့သည့် အမမေမြတ်ရဲ့ရုတ်တရက်ဆန်စွာပျောက်ဆုံးသွားသည့် အဖြစ်အပျက်ဟာဆိုရင် အမဇင်မီအတွက်တော့ အလွန်ကိုမှကြောက်စရာအိပ်မက်ဆိုးတစ်ခု။ ထိုနေ့မှစပြီး အမဇင်မီဟာ အမမေမြတ်အကြောင်းအား စုံစမ်းနေသည်မှာ ယနေ့ထက်ထိပင်။ အမမေမြတ်ကိုတွေ့လိုက်သည်ဟုသည့် သတင်းကလေးနည်းနည်းလေးကြားရရင်ဖြင့် ဘယ်လောက်ဝေးသည့်နေရာဖြစ်စေ အမဇင်မီဟာထိုနေရာသို့အမြဲအရောက်သွားလေ့ရှိသည်။ ထို့ကြောင့်ပင် အမဇင်မီဟာ accident တစ်ခုနှင့်ကြုံတွေ့ကာ ယခုတော့လမ်းမလျှောက်နိုင်တော့ပေ။ အချိန်ယူကုသရင် လမ်းပြန်လျှောက်နိုင်နေလျက်နဲ့ပင် မကုသဘဲခေါင်းမာနေသည်လေ။ သူမပြောသည်က အမမေမြတ်ကို မကာကွယ်မစောင့်ရှောက်နိုင်လို့ သူမကိုယ်သူမအပြစ်ပေးချင်တဲ့လေ။ အဲဒီလောက်ထိ အမမေမြတ်ကို ချစ်ရသလား အမဇင်မီရယ်.....။
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Mystery / Thrillerပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။