Part 12

834 49 0
                                    


Unicode

ကလေးမဆေးရုံကဆင်းပြီး၂ရက်မြောက်နေ့တွင် သူတို့လက်ထပ်ပွဲတွင်ဝတ်မည့် အဝတ်အစားတွေအားအလျင်စလိုဖြင့် မာမီတို့နှင့်တူတူသွားကာကိုယ်တိုင်း
တိုင်းခဲ့ကြတယ်။ ၅ရက်မြောက်နေ့ဖြစ်သည့် ယနေ့တွင်တော့ သူမနှင့်ကလေးမတို့ရဲ့အဝတ်အစားတွေအား နှစ်ယောက်တည်းသွားရွေးရမည်ဖြစ်တာကြောင့် သူမမှာမနက်၅နာရီကတည်းက ထကာရေမိုးချိုးပြင်ဆင်နေခဲ့သည်။
ကိုယ်တိုင်းသွားတိုင်းသည့်နေ့က ကလေးမနှင့်စကားကောင်းကောင်း မပြောဖြစ်ခဲ့ကြ။ အဘယ့်ကြောင့်ဆို သူမကို ဆေးရုံကအရေးတကြီးဖုန်းဆက်ခေါ် တာကြောင့် သူမမှာမသွားလို့မရ။ ထို့ကြောင့် သူမကိုယ်တိုင်းအားအရင်တိုင်းကာ ပြီးသည်နှင့်အလျင်အမြန်ပင်ဆေးရုံသို့ပြန်လာခဲ့ရတာကြောင့် မာမီရဲ့ဆူပူခြင်းကိုတောင်ခံခဲ့ရသေးသည်။ ထိုနေ့က တစ်ခနဘဲတွေ့လို့ထင်ပါရဲ့ ထူးထူးဆန်းဆန်းထိုကလေးမကို သတိရနေလေသည်.. ပြီးတော့ မြန်မြန်တွေ့ချင်နေသည်။
သူမပြင်ဆင်ပြီးသည့်အချိန် နာရီကြည့်မိတော့ ၇:၁၈မိနစ်ဘဲရှိသေးတယ်။ သူမတို့ဟိုကိုသွားဖို့ချိန်းထားသည်က ၁၀နာရီမှသာ .. အချိန်ကဘာလို့ဒီလောက်ထိကုန်တာနှေးနေရတာလဲ အချိန်ကမကုန်သွားသလိုခံစားရတယ် ဒါမှမဟုတ် နာရီများစက်ရပ်ပြီပျက်နေတာများလား ... သူမဖုန်းကနာရီအားကြည့်လိုက်တော့လဲ ဒီအချိန်ပင်။ အော်...  ရပ်နေတာမဟုတ်ဘူးပဲ...

''အင်း... မနက်စာစားရဦးမှာပဲ''

ပြောပြောဆိုဆိုနှင့်အခန်းထဲမှထွက်ကာ မနက်စာစားရန်အောက်ထပ်သို့ဆင်းလာခဲ့သည်။ breakfast roomတွင်ကြီးကြီးအေးနှင့်ဝိုင်းဝိုင်းတို့ပြင်ထားပေးသည်များအား မာမီနှင့်အတူထိုင်စားခဲ့သည်။ သူမတို့အိမ်တွင် လူကသိပ်ပြီများများစားစားမရှိ သူမနှင့်သူမမာမီရယ်၊ အိမ်တွင် ထမင်းချက် အိမ်သန့်ရှင်းရေးတာဝန်ယူရသည့် ကြီးကြီးအေးနှင့် ကြီးကြီးအေးတူမဝိုင်းဝိုင်းရယ်၊ ခြံစောင့်တာဝန်ယူထားသည့်
ကြီးကြီးအေးယောကျာ်း ဘကြီးဝင်းအောင်နဲ့ ဆုံးသွားပြီဖြစ်သည့်ဘကြီးသူငယ်ချင်းရဲ့သားဖြစ်သူ
ဖိုးအောင်တို့သာ။ မနက်စာစားပြီးလို့ နာရီအား
ကြည့်မိတော့ ၇:၄၄မိနစ်တဲ့ မဖြစ်နိုင်တာ .....

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now