Unicode"ငယ်လေး ဒေါ်လေးပြောပြသင့်တာတွေအကုန်ပြောပြ
ပြီးပြီ ငယ်လေး ဘယ်လိုလုပ်မှာလဲ"ယနေ့တွင်တော့ ရွှေဝတ်လွှာရဲ့ဒေါ်လေးဖြစ်သူက အမေဖြစ်သူတို့အားမသိစေဘဲ သူ့အားစကားပြောရန်စားသောက်ဆိုင်သို့ချိန်းတာကြောင့် သူရောက်ရှိနေခြင်းပင်။ မှတ်မှတ်ရရ ရွှေဝတ်လွှာရဲ့အမေဖြစ်သူ နေမကောင်းလို့ ထိုအိမ်မှာသူသွားနေတဲ့အတောအတွင်းမှာ တစ်ခါမှ ဒေါ်လေးဖြစ်သူနဲ့ စကားကောင်းကောင်းမပြောဖြစ်ခဲ့ရ။ အကြောင်းကား သူ့ဘေးနားမှာ အမြဲလို အမကြီး ဒါမှမဟုတ် အကိုလေးတို့က
တစ်ယောက်တစ်လှည့်စီရှိနေခြင်းကြောင့် အမေဖြစ်သူကတော့ သူ့အနားကကိုပင်မခွာ။ ဒေါ်လေးဖြစ်သူကလဲ အလုပ်ကိစ္စဖြင့် နိုင်ငံခြားကို ၃ပတ်လောက်သွားလိုက်ရသည်မို့ စကားပြောဖို့က ဝေးလာဝေးဘဲ။ အခုတော့ ဒေါ်လေးဖြစ်သူနိုင်ငံခြားကပြန်ရောက်ရောက်ခြင်းကို သူ့အားဖုန်းဆက်ခေါ်သည်လေ။"ဟုတ်ကဲ့ ငယ်က ထပ်ပြီးမှားယွင်းတဲ့ဆုံးဖြတ်ချက်မျိုးမချတော့ပါဘူး ဒေါ်လေး"
"ဟုတ်ပြီး ဒါဆို ငယ်လေးအကူအညီလိုရင် အချိန်မရွေးဒေါ်လေးကိုပြောနော် ဒေါ်လေးကရှိသမျှအစွမ်းကုန်အတတ်နိုင်ဆုံးကူညီပေးမယ်"
"ဟုတ် ကျေးဇူးတင်ပါတယ် ဒေါ်လေး
ဒါဆို ငယ့်ကိုသွားခွင့်ပြုပါဦးနော်"
"ဒီဘက်ကရော သွားခွင့်ပြုပါဦးရှင့်"ဒေါ်လေးဖြစ်သူရဲ့ပြောကြားချက်အရ ရွှေဝတ်လွှာဟာ ဒေါ်ယွန်းမြတ်လွှာတို့ရဲ့ သမီးအရင်းမဟုတ်ကြောင်းသိလိုက်ရသည်။ သူထင်တော့ထင်သားဘဲ အခုတော့ ဒေါ်လေးရဲ့ပြောကြားချက်အရ သေချာသွားပြီးပေါ့။ ပြီးတော့ ဒေါ်လေးဖြစ်သူခေါ်လာတဲ့သူရဲ့ပြောစကားအရအမေဖြစ်သူတို့ဟာ ရွှေဝတ်လွှာပိုင်ဆိုင်ရမဲ့ အရာတွေအားမက်မောလို့ ရွှေဝတ်လွှာအား သူတို့သမီးအဖြစ်နဲ့မွေးစားလိုက်သည်တဲ့လေ။ ရွှေဝတ်လွှာရဲ့ မိဘအရင်းတွေက
ဒေါ်ယွန်းမြတ်လွှာတို့ရဲ့မိသားစုစနက်ကြောင့်အသက်ဆုံးရှုံးရသည်ဟု ဒေါ်လေးဖြစ်သူခေါ်လာသည့်
ရွှေဝတ်လွှာရဲ့ ဆွေမျိုးတော်တဲ့ဝမ်းကွဲဒေါ်လေးဖြစ်သူကဆိုသည်။ ဝမ်းကွဲဒေါ်လေးကိုလဲ ဒေါ်ယွန်းမြတ်လွှာတို့က ရွှေဝတ်လွှာနဲ့မတွေ့စေလိုသည်ကြောင့် နှုတ်ပိတ်ရန်ပြုလုပ်ခဲ့ကြသည် သို့သော် ကံကောင်းထောက်မစွာဖြင့် ဒေါ်ကျော့မာယာနွယ်က ကယ်တင်ခဲ့သည်ကြောင့် အသက်ရှင်ခဲ့သည်တဲ့။ ဒေါ်ယွန်းမြတ်လွှာတို့ကတော့ ရွှေဝတ်လွှာရဲ့ဝမ်းကွဲအဒေါ်ဖြစ်သူသေပြီးဟုသာ ယခုထိတိုင်ထင်နေဆဲပင်။ ဤသည်ကလဲ ဒေါ်ကျော့မာယာနွယ်ရဲ့ အကွက်ကျကျ စီစဥ်တတ်မှုကြောင့်ပင်။ ပြီးတော့ ရွှေဝတ်လွှာဖြစ်ခဲ့သည့် accidentဟာဆိုရင်လဲ ဒေါ်ယွန်းမြတ်လွှာတို့နဲ့ မကင်းကြောင်းသိလိုက်ရသည်။
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Mystery / Thrillerပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။