Part 30

793 35 0
                                    

Unicode

မီးပွိုင့်မီးစိမ်းသွားသည်ကြောင့် သူ ဒေါက်တာ့ဆီအပြန် လမ်းဖြတ်ကူးရန်ပြင်စဥ် ရုတ်တရက် သူ့ဆီရောက်ချလာသည့် အနက်ရောင်ဆိုင်ကယ်တစ်စီး။ ထိုဆိုင်ကယ်ပေါ်က လူက အနက်ရောင်ဆိုင်ကယ်
ဦးထုပ်ကိုဆောင်းထားပြီး တစ်ကိုယ်လုံးလဲ
All blackနှင့်။ လျှက်တပြတ်ကြီး ရောက်ချလာသည့်မို့ သတိလက်လွှတ်ဖြစ်ကာ ရှောင်ရန်မတတ်နိုင်တော့ဘဲ ကြောင်ပြီးရပ်ကြည့်နေမိသည်။ များမကြာမီပင် 'ကလေးမ'ဟူသည့် ဒေါက်တာ့ရဲ့
ကျယ်လောင်စွာသောခေါ်သံအားကြားလိုက်ရသည်
နှင့် တစ်ပြိုင်နက် သူလဲ ကတ္တရာလမ်းပေါ်၌ လဲကျသွားသည်ကို ခံစားလိုက်ရတဲ့ အထိအတွေ့အရသိလိုက်သည်။

"ကလေးမ ကလေးမ
တို့ခေါ်နေတာကြားလား ကလေးမ!"

"အ့!!"
"ဒေါက်..ဒေါက်တာ
ခြေထောက်.. ခြေထောက်ကနာတယ်"

"ခြေထောက် ဒီညာဘက်ခြေထောက်လား"

"ဟုတ်"

"တို့ကြည့်ပေးမယ်နော်
အရင်ဆုံး ဆေးရုံကိုအရင်သွားမယ်နော်"

ကလေးမကို ကောက်ပွေ့ချီလိုက်ကာ ကားဆီကို
အမြန်ပြန်ပြီးဆေးရုံကို ဦးတည်တော့သည်။
ကလေးမကို ပွေ့ချီလာသည့်လမ်းတစ်လျှောက်လုံး သူမလက်တွေကပါ သိသိသာသာတုန်ယင်နေခဲ့သည်။ သူမရဲ့အင်္ကျီစကိုဆုပ်ကိုင်ထားတဲ့ ကလေးမရဲ့လက်၊ ကလေးမရဲ့နာကျင်မှုကြောင့် ရှုံ့မဲ့နေသည့်မျက်နှာဟာ သူမရဲ့နှလုံးအိမ်ကိုပျက်စီးစေတယ်။သူမမျက်မြင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကြောင့် ကလေးမ သာ မရှိတော့ရင်ဆိုသည့်အတွေး ကလေးမကိုသာ ဆုံးရှုံးလိုက်ရရင်ဆိုသည့်အတွေးတွေဟာ သူမကိုအသက်ရှူမဝဖြစ်စေတယ်။
သူမရဲ့ 'အလွှာငယ်'ကိုတော့ ဘယ်နည်းနဲ့မှအဆုံးရှုံး
မခံနိုင်ဘူး။

ဆေးရုံထဲသူမဇနီးအား ပွေ့ချီဝင်လာတဲ့ဒေါက်တာနှင်း
ကြောင့် ဆေးရုံတစ်ခုလုံးပြာယာခတ်ကုန်ကြသည်။
ထို့ကြောင့် ဒေါက်တာနှင်းလက်ထဲမှာ ရွှေဝတ်လွှာကို ဆရာဝန်ငယ်တစ်ဦးမှ 'ကျွန်တော်ချီလာပေးမယ်'ဟု လွှဲပြောင်းချီပေးရန်ဟန်ပြင်တော့ ဒေါက်တာနှင်းမှ
မျက်မှောင်ကြုတ်ကာ 'မလိုဘူး' တစ်ခွန်းတည်းပြောကာ အခန်းဆီသို့ဦးတည်လေသည်။

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now