Part 4

947 48 0
                                    

unicode

''ဟယ် ဝတ်လွှာ''
''မေရေ ဒေါက်တာရွှေဝတ်ရည်နှင်းကို သွားခေါ်ပေးစမ်းပါဦးကွယ်''

''ဟုတ်ကဲ့ ဒေါက်တာ''

''အော်ပြီးတော့ ဝတ်လွှာရဲ့မိဘတွေကိုပါအကြောင်းပေးပါဦးကွယ်''
''မြန်မြန်လေး''

''ဟုတ် ဟုတ်''
ပြောပြီးသည်နှင့်ဒေါက်တာရွှေဝတ်ရည်နှင်းဆီသို့
အမြန်သွားလေသည်။

''ကဲ မောင်လေးတို့ ဝတ်လွှာကိုအမြန် operation roomထဲ ပို့ရအောင်''

''ဟုတ်ကဲ့ဗျ''
ထိုသို့တစ်ပြိုင်နက် operation room ဆီသို့ဦးတည်ကာ......

--------------------

operation room ရှေ့၌ ရောင့်ယှက်ခက်နေသောလူတစ်စု

''အကို သမီးလေးအဆင်ပြေမှာပါနော်''
''သမီးလေး ဟင့် သမီးလေးက''
ရှိုက်သံလေးဖြင့်မေးနေသည့်ဇနီးဖြစ်သူအား
ယောကျ်ား ဖြစ်သူမှ

''စိတ်မပူပါနဲ့ အချစ်ရယ်။ သမီးလေးအဆင်ပြေမှာပါ။ ခင်မမနှင်းကိုယ်တိုင် ခွဲစိတ်ကုသပေးနေတာဘဲမလား။ ပြီးတော့ ကိုယ်တို့ရဲ့ ချွေးမလောင်းလေးလဲပါနေတာဘဲကို အဆင်ပြေမှာပါ''

''ငယ်လေးသာ တစ်ခုခုဖြစ်လို့ကတော့ ဟိုကောင့်ကို ကျွန်တော်ကိုယ်တိုင် အမှုန့်ကြိတ်ပစ်မယ်''

''ဟဲ့ ဟဲ့ နင့်ပါးစပ်ပုပ်ပုပ်နဲ့လျှောက်မပြောစမ်းနဲ့။ ငယ်လေးဘာမှမဖြစ်ရပါဘူး''

၄နာရီကြာစောင့်ပြီးနောက်ပွင့်လာသောတံခါးနှင့်အတူ လူနာတင်လှည်းပေါ်၌ပါလာသော ရွှေဝတ်လွှာအားမြင်သည်နှင့် အမေဖြစ်သူ ဒေါ်ယွန်းမြတ်လွှာတစ်ယောက် အိန္ဒြေတောင် မဆည်နိုင်တော့ကာ မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာလေသည်။ အဖေဖြစ်သူ ဦးထွန်းကိုကိုမောင်မှာလဲ လူနာတင်လှည်းပေါ်ရှိ တစ်ကိုယ်လုံးပတ်တီးအဖွေးသားရယ်၊ နေရာအပြတ်လပ်မရှိအောင် ထိုးသွင်းထားရတဲ့ ဆေးပိုက်မျိုးစုံရယ်၊ အောက်ဆီပိုက်ဖြင့်အသက်ရှူနေရတဲ့ သမီးဖြစ်သူအားကြည့်ရင်းယောကျ်ားတန်မဲ့ မျက်ရည်တွေက ပါးပြင်တစ်လျှောက်စီးကျနေလေသည်။

operation room ထဲကထွက်ကာ သူတို့ဆီလှမ်းလာနေသော ဆေးရုံအုပ်ဒေါ်ခင်မမနှင်းအားတွေ့သည်နှင့်

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now