Part 32 (II)

970 40 1
                                    

Unicode

ညနေ နေဝင်ခါနီးအချိန်ဖြစ်သည်မို့ နေဝင်ဆည်းဆာရဲ့အလှဟာ ရေပြင်ကျယ်နှင့် လိုက်ဖက်စွာဖြင့် အလွန်ကိုမှ ရှု့ပျော်ဖွယ်ကောင်းလှသည်။ သို့သော် ထိုရေပြင်အထက်တစ်နေရာတွင် အကျည်းတန်လှစွာ တည်ရှိနေသော ဇောက်ထိုးဖြစ်နေတဲ့ကားတစ်စီး။ ထိုကားထဲတွင် မိန်းကလေးတစ်ဦးဟာ တစ်ကိုယ်လုံးဒဏ်ရာအပြည့်နှင့် သတိလစ်မေ့မြောနေလေသည်။ သိပ်မကြာခင်မှာပင် ထိုမိန်းကလေးရဲ့မျက်လုံးနှစ်လုံးဟာ ဖြည်းညင်းစွာပွင့်လာလေသည်။

"အာ့... ဟင် ဘာလဲ
ဘယ်နေရာကြီးလဲ...  အားးး "

အသည်းခိုက်မတတ်နာကျင်မှုနဲ့အတူ သူသတိပြန်ဝင်လာခဲ့သည်။ သူ အခုဘယ်ရောက်နေတာလဲ??။ သူဒေါက်တာတို့နဲ့စကားပြောနေခဲ့တာမလား။ ဘယ်လိုဖြစ် အာ.. သူ
စူးစူးရှရှအသံတစ်သံကြားပြီ သတိလစ်သွားတယ်။
ပြီးတော့ ဘယ်ကိုရောက်နေတာလဲ။

'ကျွီ... ကျွီးးးး'

"အားးး ဟင်.."

သူအနည်းငယ်လှုပ်ရှားကြည့်တော့ ခန္ဓာကိုယ်မှနာကျင်မှုနဲ့အတူ တစ်ခုခုလှုပ်ရမ်းသွားသည်ကို ခံစားလိုက်ရသည်ကြောင့် အသိစိတ်ကပ်ကာ ဟင်.. သူ ကားထဲမှာရှိနေတာလား။ ဘယ်ကနေဘယ်လို ကားထဲရောက်နေရတာလဲ။ ပြီးတော့ သူ့ခန္ဓာကိုယ်အစစ်ဆီပြန်ရောက်လာတာလား။ မှောင်မဲနေသယောင်ဖြစ်နေသည့် ဘေးပတ်ဝန်းကျင်ကို အနည်းငယ်ဝေ့ပတ်ကြည့်တော့ ကျောက်ဆောင် ကျောက်ခဲတွေရယ် ၊သူရှိနေတဲ့ကား အောက်ဘက်တွင်ရေပြင်ကျယ်မှလွဲ အရာရာဟာ ဗလာနိတ္ထိသာ။ သူတချက်လှုပ်တာနဲ့ ထိုရေပြင်ကျယ်ထဲထိုးကျသွားမည့်အခြေအနေကြောင့် သူမှာလှုပ်ဖို့တောင် မဝံ့ရဲ့။

အိမ်မက်များလား။ မဟုတ်ဘူး အိမ်မက်မဟုတ်ဘူး သူ့ခန္ဓာကိုယ်မှတဆိမ့်ဆိမ့် စိမ့်ထွက်နေတဲ့သွေးတွေနဲ့ ခံစားနေရတဲ့နာကျင်မှုအရ ဤအရာဟာအိမ်မက်မဖြစ်နိုင်။ အားးး နာလိုက်တာ။ သူ တကယ်သေရတော့မှာလား။ သူ မသေချင်သေးဘူးလေ။ ကျော့မာယာနွယ်ကိုမဖမ်းရသေးဘူးလေ။ ပြီးတော့ ဒေါက်တာကိုလဲ သူမခွဲနိုင်ဘူး။ ဟင်..
ခဏလေး အခုသူက သူ့ခန္ဓာကိုယ်မှာဆို ရွှေဝတ်လွှာက ဘယ်လိုဖြစ်မှာလဲ။ ရွှေဝတ်လွှာကအစစ်က သေသွားပြီးကို မဖြစ်ဘူးးး ဒေါက်တာ။ ကျေးဇူးပြုပြီး ... ကျေးဇူးပြုပြီး ဒေါက်တာ့ဆီပြန်သွားခွင့်ပြုပါ။ အကူအညီတောင်းပါတယ် ကျေးဇူးပြုပြီး ဒေါက်တာ့ဆီပြန်သွားခွင့်ပေးပါ။

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now