Extra part 2

1.8K 75 2
                                    


Unicode

လက်ရှိအချိန်🕠🕠

ကလေးမကို ရေချိုးသန့်စင်ပေးနေရင်းနဲ့ အတိတ်က
ပျော်ရွှင်စရာအကြောင်းတွေးမိလိုက်တော့
ရင်ထဲလှိုက်ခနဲ့။ ယခုက မပျော်ရဘူးလားဆိုတော့မဟုတ် ပျော်ရွှင်ရပါတယ် အပြည့်အဝမပျော်နိုင်တာလေးတစ်ခုဘဲ။

"မျက်ရည်တွေကျနေပြန်ပြီးလား 'Honey'ရယ်"

"မကျပါဘူး"

"ညာပြန်ပြီ 'Honey'
ကျွန်မမမြင်ရဘူးဆိုပေမဲ့ ဒီနေရာကတော့
ခံစားလို့ရပါတယ် 'Honey'ရဲ့"

သူမလက်ကိုဆွဲကာ သူ့ရဲ့ဘယ်ဘက်ရင်အုံပေါ်
လက်တင်ကာ ကလေးမကပြောလာသည်။
ဟုတ်ပါတယ် ကလေးမရဲ့ မျက်လုံးနှစ်လုံးဟာ ယခုလက်ရှိမှာတော့ ဘယ်အရာကိုမှမြင်နိုင်စွမ်းမရှိတော့ပါဘူး။ သူမတို့သမီးလေးကိုမွေးဖွားပြီ သမီးလေးရဲ့အသက်၁နှစ်ကျော်ကျော်လောက်မှာပင် ရုတ်ချည်းဆိုသလို မျက်လုံးနှစ်လုံးစလုံးကွယ်သွားရသည်။ ကလေးမရဲ့ မျက်လုံးဟာ ပါရဂူပေါင်းမြောက်များစွာ၊ နိုင်ငံရပ်ခြားပါမကျန် ဆေးရုံပေါင်းမြောက်များစွာနဲ့ပင် ကုသသော်လည်း အကြောင်းမထူးလာခဲ့။ ယခုသမီးလေးတောင် အသက်၅နှစ်ပြည့်လုနီးပြီ။

" 'Honey'ကြိုးစားနေပါတယ်"

"ကျွန်မသိပါတယ်
ကျွန်မရဲ့'Honey' အများကြီးကြိုးစားနေတယ်ဆိုတာ"

သူမမျက်နှာဆီ လှမ်းလာနေတဲ့ ကလေးမရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမပါးပြင်နှင့်ကပ်ပေးလိုက်တော့
ပြုံးယောင်သန်းသွားသည့် မျက်နှာနုနု။

"ဒီအမှောင်လောကကြီးနဲ့ ကျွန်မနေသားကျနေပါပြီး
အလင်းရောင်ပြန်မမြင်ရတော့လဲ ကိစ္စမရှိပါဘူး
ကျွန်မမှာ 'Honey'နဲ့ သမီးလေးရှိနေတာဘဲကို
ကျွန်မအဆင်ပြေပါတယ်
ကဲ မြန်မြန်ဆန်ဆန်လေလုပ်ရအောင် 'Honey'
တော်ကြာ အသေးလေးက ကြာလို့ဆိုပြီး
စိတ်ကောက်နေဦးမယ်"

"ကောက်ကောက်ပေါ့"
" 'Honey'တို့ ချစ်ရအောင်"

ဗလာကျင်းနေတဲ့ ကလေးမရဲ့ကိုယ်လုံးကို သူမဘက်ဆွဲယူလိုက်ပြီး ပြောလိုက်တော့

"မရဘူးနော် 'Honey' "

"ဒါဆို နမ်းမယ်
နမ်းရုံဘဲလေ ဘာမလုပ်ဘူး နော်"

You've reached the end of published parts.

⏰ Last updated: Oct 05, 2024 ⏰

Add this story to your Library to get notified about new parts!

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now