Part 16

797 45 0
                                    


Unicode

Boss - ''မင်းပြောတော့ မင်းအပိုင်လုပ်မှာဆို အခုဘယ်လိုဖြစ်တာလဲ''

''....''

Boss - ''ဟျောင့် အ သွားတာလား စကားမပြောတတ်တော့တာလား ဟမ်''

''ပြောထားတယ်မလား သူကဘာမှမမှတ်မိဘူး ပြီးတော့ငါ့ကိစ္စငါရှင်းမယ် မင်းဝင်မပါနဲ့လို့ သူကငါ့မိန်းကလေး ငါ့မိန်းကလေးလို့''

Boss - "မင်းမိန်းကလေး ဟားဟား ဟျောင့် ရီစရာမပြောစမ်းနဲ့ အခုသူကမင်းအပိုင်ဟုတ်မနေဘူး မင်းအပိုင်မဟုတ်တဲ့ မင်းမိန်းကလေးကို ငါ့စိတ်သဘောအတိုင်းသာဆိုရင် ချက်ချင်းမရှင်းပစ်ဘူး ဘာလို့လဲသိလား ချက်ချင်းသတ်ပစ်လိုက်ရင် ပျော်စရာမကောင်းလို့ ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း မခံမရပ်နိုင်လောက်တဲ့အထိနာကျင်အောင် သေမတတ်ခံစားရလောက်တဲ့အထိ နှိပ်စက်တာကမှ တကယ့်အရသာ မင်းဒါကိုသိလား နာကျင်နေတဲ့ သူတို့မျက်နှာတွေကို တစိမ့်စိမ့်ထိုင်ကြည့်နေရတာကမှ တကယ့်ပျော်စရာစစ်စစ် .... ဟား ဟား...
ဟိုတစ်ယောက်လိုမျိုးပေါ့''

''စစ်မင်းအောင် မင်းဟာမင်းဘယ်လိုပဲပျော်စရာရှာရှာ
ဂရုမစိုက်ဘူး ဒါပေမဲ့ ငါ့မိန်းကလေးကိုမထိနဲ့ ထပ်ပြီး ငါက သည်းခံနေမှာမဟုတ်ဘူး''

ကာကွယ်ပေးရမယ် ဘယ်လိုဘဲဖြစ်ဖြစ် ရွှေဝတ်လွှာ
ကိုတော့သေချာပေါက် ဒီလိုpsychopathလိုကောင်မျိုး
လက်ထဲကနေကာကွယ်ပေးရမယ်။ သေချာပေါက်ကို..

စစ်မင်းအောင်- ''သည်းမခံတော့ ဘာလုပ်ချင်လို့လဲ
မင်းက ကာကွယ်နိုင်မှာမို့လား မမေ့နဲ့ မင်းမှာဘာအာဏာမှမရှိသလို ဘာကောင်မှလဲမဟုတ်ဘူး ဒီတိုင်း အဖေ့အရှိန်အဝါနဲ့တောက်ပနေတဲ့ကောင်ကများ ငါ့ကိုခြိမ်းခြောက်နေတာလား မင်းအဖေကြောင့်သည်းခံနေတာကိုရောင့်တက်မလာနဲ့ ပြီးတော့မင်းအဖေကရောမင်းကိုသားတစ်ယောက်အဖြစ်အသိအမှတ်ပြုတယ်လို့ထင်နေလား အထင်မမှားနေနဲ့ မင်းကသူ့အတွက်တော့ အမြင့်ကိုတက်ဖို့အတွက်တစ်ခဏသာလိုအပ်တဲ့ လှေကားထစ်တစ်ခုသာသာပဲ''
''အာ ပြီးတော့တစ်ခုပြောပြရဦးမယ် မင်းမိန်းကလေးလို့ပြောနေတဲ့သူကို ငါမရှင်းပစ်လဲ တစ်ယောက်ယောက်ကတော့ ရှင်းပစ်မှာဘဲ အဲဒီတစ်ယောက်ကဘဲ မင်း မိန်းကလေးကိုရှင်းပစ်ဖို့ ငါ့ကိုခိုင်းတာမလို့ အဲဒီလူကမင်းအဖေနဲ့ရင်နှီးတဲ့သူ မင်းလဲသိတယ်မလား ဘယ်သူလဲ ဆိုတာကိုတော့သေသေချာချာမသိပေမဲ့ မင်းမိန်းကလေးရဲ့မိသားစုဝင်ဆိုတာကိုတော့ ဟုတ်တယ်မလား''

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now