Unicode
"ဒေါက်တာ ဖြစ်ပါ့မလား"
"ဖြစ်ပါတယ် ဘာလဲ တို့ကိုမယုံတာလား"
"မဟုတ်.. မယုံတာတော့မဟုတ်ပေမဲ့ မဖြစ်လောက်ဘူးထင်တယ် ဒေါက်တာ အခုမှဒါကို ပထမဦးဆုံးလုပ်ဖူးတာမလား"
"ကလေးမက ငြိမ်ငြိမ်လေးနေရင်ဖြစ်ပါတယ် ဒါနဲ့
တို့ပထမဆုံးလုပ်ဖူးတယ်ဆိုတာ ဘယ်လိုသိလဲ
အဲလောက်တောင်သိသာနေတာလား"ရွှေဝတ်လွှာ whisper - 'အရမ်းကို.. သိသာနေတယ်'
"ကျွန်မငြိမ်ငြိမ်နေလဲ အာ.. မဖြစ်သေးပါဘူး
ကျွန်မတို့ နေရာချိန်းကြရအောင် ကျွန်မလုပ်ပေးမယ်""မရပါဘူး တို့ဘဲလုပ်မှာ"
"ဒါဆို မြန်မြန်လေး ရပြီလေ တော်ပြီလို့!! ထပ်မထည့်နဲ့တော့ဒေါက်တာ မဆံ့တော့ဘူး အကုန်ပြဲကုန်တော့မှာဘဲ ဟင်း... ကျွန်မသည်းခံမနိုင်တော့ဘူး ဒေါက်တာ!!!"
"ခဏလေး တို့လုပ်လို့မပြီးသေးဘူး ခဏလေးသည်းခံထားဦး ပြီးတော့မယ် ခဏဘဲ ပြီးပြီ ပြီးပြီ"
"ဘယ်လိုလဲ တို့တော်တယ်မလား""ဟုတ်ကဲ့ အရမ်း...တော်တာဘဲ ဒေါက်တာ"
ယနေ့တွင်တော့ ဒေါက်တာ့အားလပ်ရက်ဖြစ်တာမို့ ထုံးစံအတိုင်း ဒေါက်တာနှင့်အတူ အပြင်ထွက်လည်ဖို့စီစဥ်ထားသော်လည်း ရုတ်တရက်ဆန်စွာထွက်ပေါ်လာလေ့ရှိတဲ့ ရွှေဝတ်လွှာရဲ့ မှတ်ဥာဏ်တွေ
ကြောင့် သူ့မှာခေါင်းတွေကိုချာချာလည်နေတော့တာဘဲ။ အရင်က ဒီလောက်မဖြစ်ပေမဲ့ မှတ်မှတ်ရရဟိုအိမ်မက်မက်ပြီးနောက်ပိုင်း ရွှေဝတ်လွှာရဲ့မှတ်ဥာဏ်တွေတစ်ခုပြန်ပေါ်လာတိုင်း သူ့မှာခေါင်းတွေထိုးကိုက်လာတော့တာဘဲ။ တစ်ခါတလေတော့လဲ ရှောရှောရှူရှူနဲ့ဘဲ ပြီးသွားတာရယ်။ ထိုအကြောင်းတွေကိုတော့ ဒေါက်တာမှလွဲမည်သူတစ်ဦးတစ်ယောက်ကိုမှပြောပြထားခြင်းမရှိသေးဘူး။ ထို့ကြောင့် မနက်တစ်ပိုင်းလုံးသူမှာ အိပ်နေယုံသာ အမှန်တော့ အဲလောက်ထိအခြေအနေမဆိုးရွားပေမဲ့ ဒေါက်တာက မထနဲ့ဆိုလို့။ဒေါက်တာအား လက်မထောင်ပြကာသူရှေ့မှာရှိနေတဲ့ အစာတွေသွပ်ထည့်ထားတဲ့ကြက်အားကြည့်ပြီး သနားတောင်သနားချင်သွားတယ် ရှိသမျှအကုန်သွပ်ထည့်ထားလိုက်တာများ လုံးဝကိုပြည့်ဖောင်းကားနေတာဘဲ။ ကြက်ကောင်လုံးကင် လုပ်စားရအောင်လို့ပြောမိတဲ့ ကိုယ့်ပါးစပ်ကိုယ်တောင် ရိုက်ပစ်လိုက်ချင်တယ်။
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Mistero / Thrillerပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။