Unicode"ဟင်.. ဝတ်လွှာ
အစောကြီးဘဲ""မြတ်နိုး လာပြီးလား ဝါးးးး"
"၉နာရီတောင်ထိုးသွားပြီးလား"သူမရုံးခန်းထဲဝင်ဝင်ချင်း ရွှေဝတ်လွှာတစ်ယောက်
လက်ပ်တော့တစ်လုံးနဲ့ အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။ မျက်ကွင်းတွေလဲညိုလို့ တစ်ဝါးဝါးနဲ့သမ်းကာ စားပွဲပေါ်၌လဲ ကော်ဖီခွက်တွေနဲ့။
သူ မဟုတ်မှလွဲ တစ်ညလုံးမအိပ်ထားဘူးလား။"နင် တစ်ညလုံးဒီမှာရှိနေတာလား
ဘာလုပ်နေတာလဲ""အင်းးး ငါ ဒီဟာလေး လက်စသတ်နေလို့"
သူ့လက်ပ်တော့အား မျက်စပစ်ပြပြီး မတ်တပ်ရပ်လျက် အပျင်းကြောဆွဲကာ သူမအားဆိုလာသည်ကြောင့် သူမလဲသိချင်စိတ်ဖြင့် အနားသွားတော့ အနံ့ဟာထောင်းခနဲ့။
"ဘာအနံ့ကြီးလဲ"
"အာ.. sorry
ငါ club ကပြန်လာကတည်းက ဒီမှာဘဲအလုပ်ရှုပ်နေတာဆိုတော့ ရေမချိုးရသေးဘူး ဟဲ..ဟဲ""နင် မနေ့ညက Rising Moon clubကို သွားတာလား
တစ်ယောက်တည်းလား ဘာလို့ငါ့ကိုမပြောတာလဲ""ဒီတိုင်း... စုံစမ်းစရာကိစ္စလေးရှိလို့"
"ငါတစ်ယောက်တည်းသွားလို့ အဆင်ပြေတာမလို့
မခေါ်တော့တာ နောက်တစ်ခါဆိုရင် နင့်ကိုခေါ်မယ်""ဘာကိစ္စလဲ"
"ဒီဟာ"
"ဘာကြီးလဲ"
"မူးယစ်ဆေး"
"ဟမ်.."
"ဒါကို မှုခင်းဆေးဘက်ဆိုင်ရာဋ္ဌာနကို သွားပို့ထားပေး
ဒီဆေးထဲ ဘာတွေပါနေလဲလို့
ဘယ်လောက်အန္တာရယ်များလဲ သိချင်လို့
သိပ်မကြာခင် လူငယ်တွေလက်ထဲရောက်တော့မှာ"
"အာ..ပြီးတော့ ဒီမှာ ငါခိုးရိုက်လာတဲ့ video
'ကိုကောင်း'စီတော့ ပို့ထားပြီးပြီ
သူစီစဥ်ပေးလိမ့်မယ်""ဖမ်းတော့မလို့လား"
"ဒါလေးနဲ့ ဖမ်းလို့မရသေးဘူး
ဒီထပ်ပိုတိကျသေချာတဲ့ သက်သေလိုတယ်
သူတို့ကို ဖမ်းချင်ရင် တခြားနည်းလမ်းရှာရမယ်""အင်း"
"ဒါဆို ငါကိုယ်လက်သန့်စင်လိုက်ဦးမယ်
ညတုန်းက ကိုယ်ပေါ်မှောက်ကျထားတဲ့အရက်တွေပေနေတဲ့ အင်္ကျီနဲ့ တစ်ညလုံးဘယ်လိုတောင်နေလိုက်လဲ
မသိတော့ဘူး အော့🤢 နံ့လိုက်တာ"
"အော်..ဒါနဲ့
နင် စစ်မင်းအောင်ကိုသိလား"
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Mystery / Thrillerပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။