Part 5

1K 50 0
                                    

unicode

မေ့လဲသွားတဲ့အန်တီ ဒေါ်ယွန်းမြတ်လွှာကို လိုအပ်တဲ့ဆေးကုသမှုတွေလုပ်ပေးကာ ရွှေဝတ်လွှာဆိုတဲ့ကလေးမ
ရဲ့အခြေအနေအား ခဏစောင့်ကြည့်ပြီး သူ့ရုံးခန်းသို့သာ ပြန်လာခဲ့တယ်။ ဒီနေ့တော့ သူတော်တော်လေးကိုခြေကုန်လက်ပန်းကျနေပြီး။ ဒီနေ့ဖြစ်ခဲ့တဲ့ accident ဟာ သူ့အတွက်တင်မက ဆေးရုံမှာရှိကြတဲ့ ဒေါက်တာတွေ၊ သူနာပြုတွေအတွက်ကတော့ တဂယ့်ပြဿဒါးနေ့ဘဲ။ဟုတ်သည်လေ ဒီနေ့တစ်မနက်လုံးသူတစ်ချက်မှကိုမအားရ။ ပြီးတော့ ဒီနေ့မှ သူခွဲစိတ်ပေးရမဲ့လူနာကို ၂နာရီနီးပါး operation ဝင်ရသည်။ ထိုလူနာအားခွဲစိတ်ပြီးလို့ operation roomကအထွက် သူဆီသို့အမောတကောပြေးလာတဲ့ သူနာပြုမေရဲ့ သတင်းစကားကြောင့်သူအမောတောင်ဆို့ချင်သွားတယ်။ ဘာတဲ့ ဒီနေ့ accident ဖြစ်တဲ့လူနာတွေထဲမှာ ဒေါက်တာနဲ့လက်ထပ်တော့မဲ့ မိန်းကလေးပါတယ်တဲ့လေ။ ထို့ကြောင့်ပင် မာတာမိခင်ဆေးရုံအုပ်ကြီးနှင့်အတူ သူပါ ရွှေဝတ်လွှာဆိုတဲ့ကလေးမအား လက်ထောက်ဒေါက်တာ၊ သူနာပြုတွေနဲ့အတူ ၄နာရီနီးပါးကြာအောင် ခွဲစိတ်ခဲ့ရသည်။

''ဒေါက် ဒေါက်'' (တံခါးခေါက်သံ)

''ဝင်ခဲ့....''   ''ကျွီ''   ''....ပါ''
စကားတောင်မဆုံးသေးဘဲပွင့်လာတဲ့တံခါးကိုကြည့်ခြင်းဖြင့် ဘယ်သူလဲဆိုတာသိလိုက်ပါပြီ။

''ဟဲ့ ဝတ်လွှာအခြေအနေဘယ်လိုလဲ''
''အဆင်ပြေရဲ့လား''
''အများထိခိုက်သွားလား''
''ငါ တဂယ်ကိုလန့်သွားတာဘဲ။ သူတစ်ကိုယ်လုံး သွေးတွေအပြည့်နဲ့မြင်လို့တောင်မကောင်းဘူး''
''အဆင်ပြေပါတယ်နော် ဟင်''

ဝင်လာကတည်းမေးခွန်းတွေကို မနားတမ်းမေးနေသည့် သူငယ်ချင်းဖြစ်သူ ဒေါက်တာအေးမြရည်။ အသက်ရောရှူရဲ့လား။

''ဟဲ့ တစ်ခုချင်းစီမေးစမ်းပါဟယ်''
''အသက်လေးဘာလေးရှူဦး''
''ငါထွက်မပြေးပါဘူး''
''တဂယ်ဘဲ မသိရင် သူ့မိန်းမကျနေတာဘဲ ဟုတ်တယ်''

''ဘာလဲ နင် သူ့ကိုသဘောမကျဘူးမလား။ လက်ထပ်တာတောင် နင့်မာမီရဲ့သဘောကိုမလွန်ဆန်နိုင်လို့ဆို။ အခု ငါနဲ့သဝန်တိုနေတာလား။ ပြပါဦး သဝန်တိုနေတဲ့မျက်နှာလေး။ ကြည့်ချင်လို့''

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now