Unicode"ရွှေယမှုံဖူး!!"
တစ်အိမ်လုံးကို ဟိန်းလျက်ထွက်ပေါ်လာတဲ့အသံ။
"အားးး မေမေရေ
ဖူးဖူးကိုကယ်ပါဦး""အင့်"
ခန္ဓာကိုယ်သေးသေးဟာ အရှိန်နဲ့ပြေးလာသည်မို့
အခန်းထဲမှာ ငြိမ်ငြိမ်သက်သက်ထိုင်နေတဲ့သူကပါ ယိုင်နဲ့ကာ 'အင့်'ခနဲ့ပင်ဖြစ်သွားပြီး ထိုအသေးလေးအား လှမ်းဖမ်းလိုက်ရသည်။"ဖူးငယ်"
"ဟင့် မေမေ အီးးဟီးးး
မားမားလေ ဖူးဖူးကိုလိုက်ရိုက်နေလို့""ဟုတ်လား ကဲ ဒါဆို မေမေ့ကိုပြောပါဦး
ဖူးငယ်က ဘာအမှားလုပ်မိလို့ မားမားကလိုက်ရိုက်
ရတာလဲ အကြောင်းမဲ့သက်သက်တော့ မားမားကရိုက်မှာမဟုတ်လေ ဟုတ်တယ်မလား"ထိုအသေးလေးရှေ့ဒူးထောက်ထိုင်ကာ
မေးလိုက်တော့"ဖူးဖူး မားမားစာရွက်တွေကိုယူဆော့မိလို့ ဟင့်"
"ဖူးငယ်ကတော့လေ မားမားမကြိုက်တာသိရဲ့နဲ့"
"ဖူးဖူးက ပုံဆွဲဖို့ စာရွက်လေးတစ်ရွက်၊ နှစ်ရွက်၊ သုံးရွက်လောက်တောင်းတာကို မားမားက ပေးဘူးလေ
အဲဒါမားမားကပ်စီးကုပ်လို့""ဖူးငယ်အတွက် ဝယ်ပေးထားတဲ့ ပုံဆွဲစာအုပ်တွေ၊ စာရွက်တွေရှိတာဘဲကို ဖူးငယ်ရဲ့"
"မားမားစာရွက်တွေက ပုံဆွဲလို့ကောင်းတယ်မေမေရဲ့
မားမားစိတ်ပုပ် ဒါမဲ့ ဟီး ဟီးးး
မားမားစိတ်တိုနေတဲ့ပုံကလဲ ရယ်စရာကြီး ဟီးး"အစောကဘဲ ငိုနေတဲ့အသေးလေးဟာ အခုတော့
သဘောတကျ ရီနေပြန်တယ်လေ။ ထိုပလီပလာ
အသေးလေးရဲ့ ပါးဖောင်းဖောင်းနှစ်ဖက်ကို နစ်ဝင်သွားတဲ့အထိ တစ်လှည့်စီမွှေးကြူးပစ်လိုက်သည်။"မွ မွ အားး မွှေးနေတာဘဲကွာ ကလေးလေးက"
"ဖူးဖူးကရေချိုးထားလို့မွှေးတာပေါ့ မေမေရ
ကလေးဟုတ်တော့ပါဝူးနော်
ဖူးဖူးကိုယ့်ဟာကိုချိုးယူတာ ဟီးး
ပြီးတော့ အင်္ကျီလဲ ကိုယ့်ဟာကိုဝတ်ထားတာ
ဖူးဖူးတော်တယ်မလား""အွန်းးး တော်လိုက်တာ ဖူးငယ်က
ဘာအင်္ကျီဝတ်ထားလဲ မေမေ့ကိုပြောပါဦး"
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Mystery / Thrillerပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။