Part 17

1K 55 0
                                    


Unicode

ဘာလိုလိုနဲ့ သူနဲ့ဒေါက်တာ လက်ထပ်တာတောင် ၁လပြည့်ပြီး။ လက်ရှိမှာ သူကတော့ဒေါက်တာတို့ရဲ့အိမ်မှာပဲပေါ့ သူ့အိမ်မှာဘဲနေချင်သော်လည်း အမေဖြစ်သူတို့က ဒေါက်တာရယ် သူ့ယောက္ခမဖြစ်တဲ့ဒေါက်တာ့မာမီတို့နဲ့အတူနေတာပိုကောင်းမယ်တဲ့ အကြောင်းကား ဒေါက်တာတို့ကသားမိနှစ်ယောက်တည်းရှိတာမို့လို့ရယ်တဲ့။

အခုတော့ဒေါက်တာလဲ သူမရဲ့အလုပ်ခွင်ထဲသို့ပြန်ဝင်ပြီ သူလဲ ရှေ့နေဖြစ်တဲ့ရွှေဝတ်လွှာရဲ့ အလုပ်ခွင်ကိုပြန်ဝင်တာ ၃ပတ်လောက်ရှိနေပြီ။ ရွှေဝတ်လွှာတို့မိသားစုအကြောင်း သူအနည်းငယ်စုံစမ်းကြည့်တော့ ဘာမှထွေထွေထူးထူးရယ်လို့မရှိဘူး။ အဖေဖြစ်သူက company ဥက္ကဋ္ဌ၊ အမေဖြစ်သူက အရင်ကတော့ တရားသူကြီး လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေကြောင့် အနားယူထားသည်တဲ့၊ မမကြီးဆိုသူက အဖေဖြစ်သူရဲ့အလုပ်ကို ဝင်ကူညီနေသူ၊ အကိုလေးဖြစ်သူက ရာထူးကြီးအရာရှိတစ်ဦး
ပြီးတော့ ဒေါ်လေးရှိတယ်တဲ့ အဲဒါကိုလွန်ခဲ့တဲ့
၃ရက်လောက်ကမှ သူအိမ်မှာရှိနေချိန် နိုင်ငံခြားကရုတ်တရက်ပြန်ရောက်လာသည့် ဒေါ်လေးဖြစ်သူကြောင့်သိလိုက်ရသည်။ ရွှေဝတ်လွှာရဲ့အမေဖြစ်သူတို့က ဒေါ်လေးဖြစ်သူအကြောင်းကိုတစ်ခွန်းမျှမဟခဲ့ကြ။

အဲဒီနေ့က သူနဲ့ဒေါ်လေးဖြစ်သူ ဆုံခဲ့ကြသည်ကို အဖေနဲ့အမေဖြစ်သူ မမကြီးနဲ့အကိုလေးဖြစ်သူတွေ
တစ်ယောက်ကမှသဘောကျသည့်ပုံမပေါ်။ သူတို့ရဲ့မျက်ဝန်းတွေက သူတစ်ခုခုကိုသိသွားမှာစိုးရိမ်နေ
သည့်ပုံပင် ဘာပါလိမ့်။ ဒေါ်လေးဖြစ်သူကတော့
သူ့အား တော်သေးတာပေါ့ ဘာမှဆိုးဆိုးရွားရွားကြီး
မထိခိုက်သွားလို့ စိတ်ပူနေတာ ဒေါ်လေးပြန်လာချင်ပေမဲ့လဲ အလုပ်ကဖျတ်လို့မရလို့ ချက်ချင်းပြန်လာလို့မရသည့်ဟုဆိုသည်။ ဒေါ်လေးဖြစ်သူ သူ့အားစကားပြောပုံဆိုပုံကြည့်ရတာတော့ အရင်က
ရွှေဝတ်လွှာနဲ့တရင်းတနှီးရှိသည့်ပုံပင်။ ဒါပေမဲ့လဲ
မယုံဘူး ဘယ်သူ့ကိုမှ ယုံလို့မဖြစ်ဘူး သူ့အား သူ့မိသားစုဝင်တွေကို အလုံးစုံမယုံကြည်ဖို့ပြောထားသည့် ရွှေဝတ်လွှာရဲ့ရည်းစား ဟိုသကောင့်သား။ ဟိုလူကို ယုံလို့ကလဲမဖြစ် ဒီလူကို ယုံလို့ကလဲမရနဲ့။
တကယ့်အမှန်တရားကိုသိချင်ရင်တော့ ရွှေဝတ်လွှာရဲ့မှတ်ဉာဏ်တွေပြန်ပေါ်လာမှဖြစ်မယ်။ ဒါပေမဲ့ ရွှေဝတ်လွှာရဲ့မှတ်ဉာဏ်တွေကတစ်ခုလေးတောင်ပြန်မပေါ်လာဘူး။ ရူးချင်တာပဲ..

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now