unicode
ဤ fic သည် စိတ်ကူးယဥ်ဖန်တီးထားမှုတစ်ခုသာဖြစ်သည်။ ဇာတ်ကောင်နှင့် နေရာများသည် အပြင်လောကနှင့် မသက်ဆိုင်။ တချို့သောနေရာများသည် ယုတ္တိမရှိကာ စိတ်ကူးအတိုင်းဖန်တီးထားခြင်းသာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
~~~~~
ကျွီး ...... ဒုန်း
အဝေးပြေးလမ်းမပေါ်၌ ပြင်းထန်သောယာဥ်တစ်တိုက်မှုတစ်ခု ဖြစ်ပေါ်ခဲ့တယ်။ အနက်ရောင်ကားတစ်စီး နှင့် ကုန်တင်ကားတစ်စီးတို့၏ တိုက်ခတ်မှု။ လွင့်စင်သွားသော အနက်ရောင်ကားကို ကြည့်ခြင်းအားဖြင့် ထိုတိုက်ခတ်မှုဟာဘယ်လောက်ပြင်းကြောင်းသိနိုင်သည်။ ဤသည်ကား မတော်တဆလား ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိတိုက်ခတ်ခြင်းများလား။
''ဟား တိုက်ကုန်ပြီး''''ဘာလဲဟ ကုန်တင်ကားက ဘာလို့ဒီလောက်တောင် အရှိန်တင်မောင်းရတာလဲ''
''တိုက်ခံရတဲ့ကားကတော့ လုံးဝကိုစုတ်ပြတ်သတ်သွားတာဘဲကွာ။ ကားထဲကလူအတွက်တော့ မတွေးရဲစရာဘဲ''
''အသက်တောင်မှီပါ့ဦးမလား မသိပါဘူးကွာ''
လမ်းမထက်ရှိလူများ၏ အော်ဟစ်ငိုကြွေးအကူအညီတောင်းသံများဖြင့် ဆူညံနေလေတော့သည်။ ဟုတ်တာပေါ့ တိုက်ခံလိုက်ရတဲ့အနက်ရောင်ကားရဲ့လွင့်စင်မှုကြောင့် လမ်းမထက်ရှိသွားလာလှုပ်ရှားနေတဲ့ ကားတွေကိုပါ ထပ်ဆင့်တိုက်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့သည်လေ။ အနက်ရောင်ကားထဲမှာရှိတဲ့သူက ဘယ်သူများလဲ။ ဘာအတွက်ကြောင့်များ ကုန်တင်ကားရဲ့ရည်ရွယ်ချက်ရှိရှိ တိုက်ခတ်ခြင်းကိုခံရသလဲ။ ထိုကုန်တင်ကားကရော ဘာအတွက်ကြောင့်များ တိုက်ခတ်ရသလဲ။
.................
တစ်ဖက် Diamond Hospital တွင်
အရမ်းတော်၊ ထက်မြက်လှသော၊ အသက် ၃၀နှစ်ရှိပြီဖြစ်သည့် နှလုံးအထူးကုဆရာဝန်တစ်ဦး။ အလွန်ကိုမှကြည့်ပျော်ရှုပျော်ရှိပြီး ကျက်သရေအဖြာအဖြာနှင့်ပြည့်စုံလွန်းသော အမျိုးသမီးတစ်ဦး။ ထိုအမျိုးသမီးသည်ကား Diamond Hospital ကို တည်ထောင်ခဲ့သူ ဥက္ကဋ္ဌကြီး
ဦးရွှေမဟာ နှင့် ဆေးရုံအုပ်ကြီးဒေါ်ခင်မမနှင်း တို့၏ အမွေဆက်ခံသူဖြစ်သော တစ်ဦးတည်းသောသမီး
ဒေါက်တာ ဒေါ်ရွှေဝတ်ရည်နှင်း။=======
ဆက်ရန်။zawgyi
ဤ fic သည္ စိတ္ကူးယဥ္ဖန္တီးထားမႈတစ္ခုသာျဖစ္သည္။ ဇာတ္ေကာင္ႏွင့္ ေနရာမ်ားသည္ အျပင္ေလာကႏွင့္ မသက္ဆိုင္။ တခ်ိဳ႕ေသာေနရာမ်ားသည္ ယုတၱိမရွိကာ စိတ္ကူးအတိုင္းဖန္တီးထားျခင္းသာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
~~~~~
ကြၽီး ...... ဒုန္း
အေဝးေျပးလမ္းမေပၚ၌ ျပင္းထန္ေသာယာဥ္တစ္တိုက္မႈတစ္ခု ျဖစ္ေပၚခဲ့တယ္။ အနက္ေရာင္ကားတစ္စီး ႏွင့္ ကုန္တင္ကားတစ္စီးတို႔၏ တိုက္ခတ္မႈ။ လြင့္စင္သြားေသာ အနက္ေရာင္ကားကို ၾကည့္ျခင္းအားျဖင့္ ထိုတိုက္ခတ္မႈဟာဘယ္ေလာက္ျပင္းေၾကာင္းသိနိုင္သည္။ ဤသည္ကား မေတာ္တဆလား ဒါမွမဟုတ္ ရည္႐ြယ္ခ်က္ရွိရွိတိုက္ခတ္ျခင္းမ်ားလား။
''ဟား တိုက္ကုန္ၿပီး''''ဘာလဲဟ ကုန္တင္ကားက ဘာလို႔ဒီေလာက္ေတာင္ အရွိန္တင္ေမာင္းရတာလဲ''
''တိုက္ခံရတဲ့ကားကေတာ့ လုံးဝကိုစုတ္ျပတ္သတ္သြားတာဘဲကြာ။ ကားထဲကလူအတြက္ေတာ့ မေတြးရဲစရာဘဲ''
''အသက္ေတာင္မွီပါ့ဦးမလား မသိပါဘူးကြာ''
လမ္းမထက္ရွိလူမ်ား၏ ေအာ္ဟစ္ငိုေႂကြးအကူအညီေတာင္းသံမ်ားျဖင့္ ဆူညံေနေလေတာ့သည္။ ဟုတ္တာေပါ့ တိုက္ခံလိုက္ရတဲ့အနက္ေရာင္ကားရဲ႕လြင့္စင္မႈေၾကာင့္ လမ္းမထက္ရွိသြားလာလႈပ္ရွားေနတဲ့ ကားေတြကိုပါ ထပ္ဆင့္တိုက္ခတ္မႈေတြ ျဖစ္ေပၚေစခဲ့သည္ေလ။ အနက္ေရာင္ကားထဲမွာရွိတဲ့သူက ဘယ္သူမ်ားလဲ။ ဘာအတြက္ေၾကာင့္မ်ား ကုန္တင္ကားရဲ႕ရည္႐ြယ္ခ်က္ရွိရွိ တိုက္ခတ္ျခင္းကိုခံရသလဲ။ ထိုကုန္တင္ကားကေရာ ဘာအတြက္ေၾကာင့္မ်ား တိုက္ခတ္ရသလဲ။
.................
တစ္ဖက္ Diamond Hospital တြင္
အရမ္းေတာ္၊ ထက္ျမက္လွေသာ၊ အသက္ ၃၀ႏွစ္ရွိၿပီျဖစ္သည့္ ႏွလုံးအထူးကုဆရာဝန္တစ္ဦး။ အလြန္ကိုမွၾကည့္ေပ်ာ္ရႈေပ်ာ္ရွိၿပီး က်က္သေရအျဖာအျဖာႏွင့္ျပည့္စုံလြန္းေသာ အမ်ိဳးသမီးတစ္ဦး။ ထိုအမ်ိဳးသမီးသည္ကား Diamond Hospital ကို တည္ေထာင္ခဲ့သူ ဥကၠ႒ႀကီး
ဦးေ႐ႊမဟာ ႏွင့္ ေဆး႐ုံအုပ္ႀကီးေဒၚခင္မမႏွင္း တို႔၏ အေမြဆက္ခံသူျဖစ္ေသာ တစ္ဦးတည္းေသာသမီး
ေဒါက္တာ ေဒၚေ႐ႊဝတ္ရည္ႏွင္း။=======
ဆက္ရန္။
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Mystery / Thrillerပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။