Part 23

713 39 0
                                    

Unicode

"ကိုကောင်း"

တစ်ခါမှသူ့အလုပ်နေရာကို မလာဖူးသည့်ငယ်လေးက
အခုတော့ဒီကိုရောက်နေသည်တဲ့လေ။

"ပြောလေ ငယ်"

"ငယ် အကူအညီတောင်းစရာတစ်ခုရှိလို့ အဲ့တာ
ကိုကောင်း ကူညီပေးပါ"

"ဘာများလဲ"

"လက်ရှိငယ်ကိုင်နေတဲ့ မိန်းကလေးတွေပျောက်နေတဲ့အမှုမှာ အရေးကြီးတဲ့လူတစ်ယောက်ပျောက်နေတာမို့ ပြီးတော့လဲ အဲ့ဒီလူကိုရှာပေးမယ်လို့ကတိပေးထားလို့"

"ဒါပေမဲ့ 'ငယ်' ဘယ်လိုဘဲရှာရှာ ရှာလို့မတွေ့လို့ မတွေ့ဘူးဆိုတာထက် သူ့အကြောင်းနည်းနည်းလောက်လေးစုံစမ်းလို့ရပြီးဆို ရုတ်တရက်ကြီး အဲဒီသဲလွန်စတွေက ပျောက်ပျောက်သွားတယ်"

"အဲဒါကြောင့် ငယ်ကိုင်တွယ်လို့ရလောက်တဲ့အခြေအနေမဟုတ်တာမို့ 'ကိုကောင်း'ကို အကူအညီတောင်းရတာ"

လက်ရှိသူ့အနေအထားက ဘယ်လိုပင်ကောင်းနေပါစေ အခြေအနေအရ မလုပ်နိုင်တဲ့ကိစ္စတွေကလဲရှိနေသေးတယ်။ ထို့ကြောင့် ရွှေဝတ်လွှာရဲ့ အကိုဖြစ်သူအား အကူအညီတောင်းရခြင်း အကိုဖြစ်သူကတော့ ဒီကိစ္စကို ကိုင်တွယ်နိုင်လောက်သည့်မို့။

"ငယ်ရှာနေတဲ့သူကဘယ်သူလဲ"

"အမှုစစ် မေမြတ်ကိုကို"

"ဟင်.. ဟို ဝန်ကြီးချုပ်သားကို လူသတ်မှုနဲ့ဖမ်းတဲ့
တစ်ယောက် သေသွားပြီးမဟုတ်လား သူ"

"ဟင့်အင်း မသေဘူး အသက်ရှင်နေသေးတယ်"

"သက်သေတော့မရှိပေမဲ့ အသက်ရှင်နေသေးတယ် ဒါပေမဲ့ အာမခံချက်တော့မရှိဘူး ဘယ်ချိန်ဖြစ်ဖြစ်အသက်ဆုံးရှုံးနိုင်တဲ့ အနေအထားမို့"

"ဒီကိစ္စက ခက်ခဲမယ်ဆိုတာသိတယ်မလား ဒါက
နိုင်ငံရေးပိုင်းတွေထိ သက်ရောက်မှုရှိနေတယ်
အကိုက အဲ့လောက်ထိတော့ လုပ်နိုင်စွမ်းမရှိဘူး ဒါပေမဲ့ ရှာကြည့်ပေးမယ် တတ်နိုင်သလောက် ဒါနဲ့ သေချာတယ်မလား သူ အသက်ရှင်နေတယ်ဆိုတာ"

"ဟုတ် 100% သေချာတယ်"

"အင်း ကောင်းပြီ"

ငယ်လေးက မေမြတ်ကိုကို ကိုသိနေတာလား။ အခု
ငယ်လေးရဲ့ပြောပုံဆိုပုံက အရင်က ငယ်လေးပုံစံနဲ့
မတူဘဲပြောင်းလဲသွားသည်။ အရင်က တစ်ခုခုဆို ဝုန်းဒိုင်းကြဲတတ်တဲ့သူက အခုတော့ တည်ငြိမ်ရင့်ကျက်နေသယောင်။

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now