Unicode''ဟ...င်း..''
နာကျင်စွာညီးညူသံနှင့်အတူ နောက်ထပ်တဖန်ပွင့်လာသော မျက်ဝန်းတစ်စုံ။ မျက်လုံးပွင့်ပွင့်ချင်းမြင်ရသည်က အဖြူရောင်မျက်နှာကျက်.. ဟုတ်သား သူအခုဆေးရုံမှာဘဲ။ ပြီးတော့ သူ့လက်အားဆုပ်ကိုင်လျက် ငိုက်မြည်းနေသော အမျိုးသားကြီးတစ်ဦး။''အယ် ငယ်လေး ငယ်လေးနိုးလာပြီး ဖေဖေရေ..ဖေဖေ''
အမျိုးသမီးတစ်ဦး၏အသံ။ သူ့လက်အားဆုပ်ကိုင်ကာ ငိုက်မြည်းနေတဲ့ အမျိုးသားကြီးအား ဖေဖေဟုခေါ်ကာ ဝမ်းသာစွာထွက်ပေါ်လာအသံ။''ဟင် သမီးငယ်''
''သမီးငယ်နိုးလာပြီ.. သမီးကြီး ဖေဖေ သမီးတို့မေမေနဲ့ ခင်မမနှင်းတို့ကိုသွားခေါ်ဦးမယ်.. သမီးညီမလေးကို တစ်ချက်ကြည့်ထားပေးနော်.. ဖေဖေမြန်မြန်ပြန်လာခဲ့မယ်''ပြောပြီးသည်နှင့်ချက်ချင်းပင် အလျင်အမြန်ပြေးထွက်သွားသော ဖေဖေဆိုသည့်အမျိုးသားကြီး။
''ငယ်လေး သက်သာလားဟင်.. နေရအဆင်ပြေရဲ့လား..
အများကြီး..အများကြီးနာနေလားဟင်''
စိုးရိမ်တကြီး အဆက်မပြတ်ထွက်ပေါ်လာတဲ့ အမေးစကားအား သူဘယ်လိုမှတုံ့ပြန်ဖို့အဆင်မပြေ ဘာကြောင့်ဆို သူတပ်ထားရတဲ့အောက်ဆီပိုက်ဟာ စကားပြန်ပြောဖို့ ဘယ်လိုမအဆင်မပြေတာကြောင့်ပင်။ ခဏအကြာ စောစောထွက်သွားတဲ့အမျိုးသားကြီးနှင့်အတူ အမျိုးသမီးကြီးနှစ်ဦးရယ်၊ ခရမ်းနုရောင်ဝမ်းဆက်နှင့် ဂျူတီကုတ်အားတွဲလျက်ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးရယ်၊ သူနာပြုအကူနှစ်ယောက်ရယ် သူ့ကုတင်ဘေး၌လာရပ်နေလေရဲ့။ ဝါး... ဂျူတီကုတ်နှင့် ထိုအမျိုးသမီးက လှလိုက်တာ။''သမီးဝတ်လွှာ နေရအဆင်ပြေရဲ့လား''
သူ့အားမေးလာသည့် အမျိုးသမီးကြီး၏အမေးစကားအားသူပြန်ဖြေချင်သော်လည်း အဆင်မပြေ။ ဒါကို ထိုအမျိုးသမီးကြီးက သဘောပေါက်ကာ
''သမီး.. ဝတ်လွှာ စကားပြောရအဆင်ပြေအောင် အောက်ဆီဂျင်ပိုက်လေး ဖြုတ်ပေးလိုက်ပါကွယ်၊ ပြီးတော့ ကုတင်ကိုလဲ နည်းနည်းလောက်မတ်ပေးလိုက်''
ထိုအခါ ဂျူတီကုတ်နှင့်အမျိုးသမီးက ဘေးမှာရှိနေတဲ့ သူနာပြုတွေအား လုပ်ပေးလိုက်ဆိုသည့်သဘောဖြင့် မျက်စပစ်ပြလေရဲ့။
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Mystery / Thrillerပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။