Unicode
ရုတ်တရက်ဆန်လွန်းတဲ့အဖြစ်အပျက်ကြောင့်
ကျော့မာယာဘာမှလိုက်လို့မမီတော့။
ရဲတွေကဘယ်ကနေဘယ်လိုရောက်လာလို့
ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ။"ကျော့မာယာနွယ် နဲ့ စစ်မင်းအောင် ခင်များတို့ကို
မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှု၊ ပြန်ပေးဆွဲမှု၊ လူသတ်ရန်ကြံစည်မှု၊ လူသတ်ရန်စေခိုင်းမှု၊
လူသတ်မှုတို့နဲ့ဖမ်းဆီးရပါမယ်
လက်နက်ချအညံ့ခံပါ မဟုတ်ရင် ကျွန်တော်တို့ညှာတာထောက်ထားနေမှာမဟုတ်ပါဘူး"စစ်မင်းအောင်က ကျော့မာယာကို ရှေ့က ကာကွယ်ထားသည်။ လက်တွင်လဲသေနတ်ကိုကိုင်ဆောင်လျက်သား။ အခု ကျော့မာယာရှုံးသွားတာလား။ မဖြစ်နိုင်တာ။
"နင်.. နင်တို့
ဘယ်လိုလုပ်..""ဘယ်လိုလဲဆိုတော့
အစကတည်းကဒီလိုဘဲလေ
ဟုတ်တယ်မလား မြတ်နိုး
နင်တကယ် သရုပ်ဆောင်လုပ်ရမှာ""နင်ရောအတူတူပါဘဲ"
"ဟုတ်လား
ဒါဆို ငါတို့သရုပ်ဆောင်ဘက် လိုင်းပြောင်းကြမလား"ရွှေဝတ်လွှာက ရယ်ကာ မြတ်နိုးနဲ့လက်ဝါးချင်းရိုက်ပြီးပြောလိုက်သည်။ ဒီနေ့ကိစ္စတွေအကုန်လုံးဟာ
ရွှေဝတ်လွှာရဲ့ အကြံအစည်တွေကြီးသာ။
ပြောရရင်တော့ ရွှေဝတ်လွှာကိုယ်တိုင် ရေးဆွဲထားတဲ့ ပြဇာတ်တစ်ပုဒ်မှာ မြတ်နိုးတို့ ပါဝင်ကပြ
သရုပ်ဆောင် နေကြတာပေါ့။ မြတ်နိုး
ရွှေဝတ်လွှာကို စောင့်ကြည့်နေတာတွေ၊ ကျော့မာယာနွယ်တို့ကို သတင်းပေးနေတာတွေအကုန်လုံးကို အစောကတည်းက ရွှေဝတ်လွှာကသိထားတယ်။ ဒါပေမဲ့ ရွှေဝတ်လွှာသိထားတာကို မြတ်နိုးကတော့
သူပြန်ပြောမှသိရတယ်။အဲ့နေ့က ရွှေဝတ်လွှာက မြတ်နိုးမျက်လုံးတွေကို သေချာစိုက်ကြည့်ပြီး ပြောလာသည်။ 'နင် ဘာလုပ်နေလဲဆိုတာ ငါအကုန်သိတယ်။ ဒါပေမဲ့ မကြောက်ပါနဲ့
ငါနင့်ကိုဘာမလုပ်ပါဘူး တစ်ခုဘဲတောင်းဆိုမယ်
ငါ့လူဖြစ်လာပေး။ အဲဒါဆို ဘာတွေဘဲဖြစ်လာဖြစ်လာ ငါကကာကွယ်ပေးမယ် နင့်ကိုရော
နင့်မိသားစုကိုရော။
ငါ့ကိုယုံပြီး ငါ့နောက်လိုက်မလား ဒါမှမဟုတ် နင်နဲ့
နင့်မိသားစုကိုနောင်တစ်ချိန် ဒုက္ခပေးလာနိုင်တဲ့လူရဲ့လက်အောက်မှာဘဲဆက်နေမလား နင်ရွေးချယ်။
ငါ့ကိုရွေးချယ်မယ်လို့တော့ မျှော်လင့်ပါတယ်'တဲ့။
အဲ့ဒီတုန်းက ရွှေဝတ်လွှာသာ လမ်းမဖောက်ပေးခဲ့ရင် မြတ်နိုးကတော့ ကိုယ်လျှောက်နေတဲ့လမ်း မှားနေမှန်းသိနေလျက်နဲ့တောင် မျက်လုံးစုံမှိတ်ပြီးဆက်လျှောက်နေမိမှာ။ ဒါပေမဲ့အခုမြတ်နိုးရဲ့ရွေးချယ်မှုမှန်ကန်ခဲ့တယ်။
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Mystery / Thrillerပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။