Part 29 (II)

730 29 0
                                    

Unicode

"ဟင်.."

"လန့်သွားတာလား
sorry နော်ညီမ"

သူ့ပခုံးအားပုတ်ကာ တစ်ယောက်ယောက်ကခေါ်လာသည်မို့ သူဘေးကိုလှည့်ကြည့်လိုက်တော့ ၄နှစ်အရွယ် ကလေးတစ်ယောက်ကိုချီထားသည့် အမျိုးသားတစ်ဦး။

"ဟိုလေ ညီမ
အကို့ကိုလေ အရုပ်လေးတစ်ရုပ်လောက်ပြန်ရောင်းပေးပါလားဟင် မီးလေးကလိုချင်လို့တဲ့"

အိတ်ထဲကောက်ထည့်ထားသည့်အရုပ်များအား
ညွန်ပြကာဆိုလာသည်ကြောင့်

"အာ.. ဟုတ်ကဲ့ ရတာပေါ့
မီးလေးက ဘယ်အရုပ်လိုချင်လို့လဲ မမကိုပြော"

သူပြောတော့ အဝါရောင်အရုပ်လေးအား လက်ညိုး
သေးသေးလေးဖြင့် ထိုးပြလာသည်ကြောင့်

"ဒီဘဲရုပ်လေးလား"
"ရော့ ဒီမှာ ကြိုက်လား"

သူမေးလိုက်တော့ခေါင်းတဆက်ဆက်ငြိမ့်ပြလာသည်ကလေးလေး။

"ချစ်စရာလေး"

"စိတ်တော့မဖြစ်ပါနဲ့ညီမလေးရယ်
အကိုဒီအရုပ်အတွက်ဘယ်လောက်ပေးရမလဲဟင်"

"မဟုတ်တာ ရပါတယ်
လက်ဆောင်ပေးလိုက်မယ်နော်
ဟောဒီက မီးလေးကချစ်စရာကောင်းလို့"

"ကျေးဇူးတင်ပါတယ် ညီမရယ်
မီးလေးက ဒီအရုပ်မရမချင်းဂျီကျနေလို့
မီးလေး မမကို မမကျေးဇူးတင်ပါတယ်ရှင့်လို့
ပြောလိုက်ပါဦး"

"မမ ကျေးကျု့တင်ပါရယ်စင့်"

"ရပါတယ်ရှင့်"

သွားကျိုးလေးများပေါ်ကာ ပြုံးရယ်လျက်ဆိုလာ
သည့် ကလေးလေးရဲ့ဖောင်းနေတဲ့ပါးနှစ်ဖက်အား အသည်းယားလာသည်ကြောင့် အသာအယာဆွဲလိုက်သည်။

"ဒါဆို ခွင့်ပြုဦးနော် ညီမ"

"ဟုတ်ကဲ့ မီးမီး တာတာ့"

သူ့အား လက်ပြကာနှုတ်ဆက်ထွက်သွားသည့် ကလေးလေးတို့သားအဖကိုကြည့်ရင်း သူပြုံးလိုက်မိသည်။
ဒေါက်တာ့အားပြန်ကြည့်မိတော့ ကလေးတစ်အုပ်နဲ့ဝိုင်းနေလေရဲ့။ လူငယ်တစ်ချို့ကတော့ ထွက်သွားကြကုန်ပေမဲ့ ကလေးတစ်စုကတော့ ထွက်မသွားကြသေးဘဲ အရုပ်တွေပိုက်ထားသည့်ဒေါက်တာ့ဘေး၌ ဝိုင်းနေကြသည်မို့ ဒေါက်တာကထွက်လို့မရဟန်။

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now