Unicode
"ဒေါက်တာ ဒီတစ်ပိုင်းပြီးရင် အိပ်ကြရအောင်လေ
မနက်ကျရင်သွားစရာရှိသေးတယ်မလား
အယ်...၁၂တောင်ထိုးတော့မယ်ရယ်
ကျွန်မကိုသတိမပေးဘူး ဒေါက်တာရယ်"သူ့အားဒီဇာတ်ကားကြည့်လို့ကောင်းတယ် အတူတူကြည့်ရအောင်ဆိုပြီ အရင်မြူစွယ်သည့်သူမှာ ဒေါက်တာပင်။
သူလဲကြည့်ရင်းကြည့်ရင်းနဲ့ရုပ်ရှင်က တဖြည်းဖြည်း
ဇာတ်ရှိန်တက်လာသည်မို့ ကြည့်ကောင်းကောင်းဖြင့် ည၉နာရီလောက်ကတည်းကကြည့်လိုက်တာ
ဘယ်အချိန်ရှိသွားပြီးလဲကိုတောင်သတိမထားမိလိုက်။"ဒေါက်တာ အိပ်ချင်ပြီလားဟင် အရင်သွားအိပ်နှင့်
မလား ကျွန်မဒါလေးပြီးရင်လိုက်တက်ခဲ့မယ်လေ""ဟင့်အင်း မအိပ်ချင်ပါဘူး
ကလေးမဒီဇာတ်ကားကြိုက်တယ်မလား ကြည့်လေ
တို့လဲကြည့်ရတာကြိုက်တယ် ကလေးမကို""ဟုတ်တယ်မလား တကယ်ကြည့်လို့ကောင်း.. ရှင်.."
ဇာတ်ကားမကြည့်ဘဲ သူ့မျက်နှာကိုစိုက်ကြည့်ကာ
ပြောလာသည့်ဒေါက်တာရယ်ပါ။"ကလေးမရဲ့မျက်နှာအသေးစိတ်ကို ဒီလိုသေချာလေး
ထိုင်ကြည့်ရတာ တို့သဘောကျတယ်
အင်း ဟုတ်ပြီး နောက်နေ့ညတွေကျရင် ဒီလိုလုပ်ရအောင် ကလေးမကတို့ရွေးပေးတဲ့ဇာတ်ကားကို
ကြည့် တို့က ကလေးမမျက်နှာကို ဒီလိုလေးထိုင်
ကြည့်မယ်"
"ဘယ်လိုလဲ အဆင်ပြေတယ်မလား"မေးလေးထောက်ပြီ ပြုံးစစနှင့် သူ့အားကြည့်ကာ
ဆိုလာသည့်ဒေါက်တာကြောင့် သူပြောစရာစကားပျောက်ရှလျက်။"ရှင်..."
"ကဲ အချိန်ကျတော့မယ်
အပေါ်တက်ရအောင်""ရှင်.. ဟို ဒီဟာလေးအရင်ပြီးအောင် ကြည့်မယ်လေ
ဒေါက်တာအရင်တက်နှင့်လိုက်""မရပါဘူး နောက်နေ့မှဆက်ကြည့်တော့
လာပါ""အယ်... ဇာတ်ရှိန်တက်.."
"တို့ကိုချစ်တယ်မလား စကားနားထောင်နော်"
သူမပြောလိုက်တော့တိတ်သွားသည့်ကလေးမကို
ကြည့်ပြီး သဘောတကျပြုံးလိုက်မိသည်။ ထို့နောက် TVကိုပိတ်ပြီး ကလေးမအားပွေ့ချီကာ သူမတို့အခန်းဆီသို့။ ဘာလို့ချီလဲမမေးနဲ့ ချီချင်လို့ချီတာ ဘာဖြစ်လဲ။
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Mystery / Thrillerပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။