Part 15

1K 58 0
                                    


Unicode

Diamond Hospital ဥက္ကဋ္ဌကြီး ဦးရွှေမဟာနှင့် ဆေးရုံအုပ် ဒေါ်ခင်မမနှင်းတို့၏ တစ်ဦးတည်းသောသမီးဖြစ်သူ နှလုံးအထူးကုဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာရွှေဝတ်ရည်နှင်း နှင့် M & W company ဥက္ကဋ္ဌ ဦးထွန်းကိုကိုမောင်နှင့် တရားသူကြီးဟောင်း
ဒေါ်ယွန်းမြတ်လွှာ တို့၏ အငယ်ဆုံးသမီးဖြစ်သည့် ရှေ့နေဖြစ်သူ ရွှေဝတ်လွှာတို့၏ ယနေ့တွင်ကျင်းပ
မည့်မင်္ဂလာလက်ထပ်ပွဲဟာ တစ်နိုင်ငံလုံးကို ဟိုးလေးတကျော်ကျော်ဖြစ်စေခဲ့သည်။ ဒေါက်တာ
ရွှေဝတ်ရည်နှင်းတို့အိမ်၌ပင် မနက်အစောပိုင်းတွင် သံဃာတော်အရှင်သူမြတ်များအားပင့်ဖိတ်ပြီး မင်္ဂလာဆွမ်းကပ်ခဲ့ကြသည်။ထိုနောက်တွင်တော့ လက်ထပ်ပွဲကျင်းပသည့် 'KING' Hotel ဆီသို့။
Hotel ၌ နှစ်ဖက်မိဘဆွေမျိုးများ၊ မိတ်ဆွေများဖြစ်ကြသည့် company ဥက္ကဋ္ဌများ၊ ပါမောက္ခများ၊ တရားသူကြီးများ၊ ဆရာဝန် ဆရာဝန်လောင်းများ၊ သူနာပြုနာ့စ်မများ၊ ရှေ့နေ ရှေ့နေလောင်းများ အစရှိသည့်ဂုဏ်သရေရှိလူကြီးမင်းများအပါအဝင် မီဒီယာများပါမကျန် အကုန်စုံလင်စွာတက်ရောက်ဂုဏ်ပြုကြသည်။

သတို့သမီးအဝတ်အစားလဲလှယ်သည့်အခန်းတစ်ခု၌ လက်ထပ်ပွဲအတွက်ဝတ်စားပြင်ဆင်နေသည့် သတို့သမီးတစ်ဦးဖြစ်သူ။ ထိုသတို့သမီးအား Hotel ခန်းမကြီးအတွင်း လှပသေသပ်စွာခင်းကျင်းပြင်ဆင်ထားသည့် အပြင်အဆင်များနှင့်အတူ stageစင်ပေါ်၌ သူမ၏လှပသော body  shape (ခန္ဓာကိုယ်ကောက်ကြောင်း) အားပေါ်လွင်စေပြီး ကျောက်ကလေးတွေစီခြယ်ထားသည့်ရိုးရိုးရှင်းရှင်းနှင့်လှပသော အဖြူရောင် Off the shoulder dress ကိုဝတ်ဆင်ထားပြီး သူမ၏ ကျောလယ်လောက်ရှိ
သည့် chocolate brown hairကို ကျက်သရေရှိစွာ ထုံးဖွဲ့ထားသည့် အမျိုးသမီးတစ်ဦးကစောင့်ဆိုင်းနေသည်။

''ကဲ ပြီးပါပြီ လှလိုက်တာ''

သူ့အားမိတ်ကပ်ပြင်ပေးနေသည့် ဆရာမရဲ့စကားသံအဆုံး သူပိတ်ထားတဲ့မျက်လုံးတွေအားဖွင့်ကြည့်လိုက်တော့ အာပါးပါး အရမ်းလှတာပဲ

''ဘာလို့ဒီလောက်ထိတောင်လှနေရတာလဲ
ရွှေဝတ်လွှာနဲ့လက်ထပ်မဲ့ ဒေါက်တာရွှေဝတ်ရည်နှင်းကိုတောင်မနာလိုဖြစ်လာပြီ ဖွက်ထားလိုက်ရမလား''

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now