Unicode
ရက်တွေတစ်ရက်ပြီးတစ်ရက်ကုန်လာခဲ့တာ အခုဆို
သူမရဲ့ချစ်ရသူ မေမြတ်ကိုကိုပျောက်တာ ၃လကျော်ရှိနေပြီး။ ဘယ်လိုအဆက်အသွယ်မျိုးနဲ့ရှာရှာ
ဘာသတင်းမှမကြားခဲ့ရ သေပြီးဆိုတဲ့သတင်းမှလွဲ၍ပေါ့။ ရုပ်အလောင်းကိုလဲမတွေ့ဘဲ ဘာကြောင့်သေပြီးလို့တပ်အပ်ပြောနိုင်ရတာလဲ။ အခုတော့ သူမရဲ့ကျန်ရှိနေတဲ့နောက်ဆုံးမျှော်လင့်ချက် လက်ကျန်တွေက ရွှေဝတ်လွှာဆိုတဲ့ကောင်မလေ အပေါ်၌သာ...။"သမီး မီမီ"
"မေမေကြီး"
"သမီး မီမီ မလာတာကြာလို့ နေများမကောင်းလို့လားလို့ မေမေကြီးကစိတ်ပူနေတာ"
သူမတို့ အရင်ကနေခဲ့တဲ့ 'မေတ္တာရပ်ဝန်း' ဆိုတဲ့ မိဘမဲ့ဂေဟာကိုတည်ထောင်ခဲ့တဲ့ အသက် ၆၀ နှစ်ရှိပြီဖြစ်သည့်ဂေဟာပိုင်ရှင် ဒေါ်သီတာမျိုး။
သူမတို့ကို ငယ်ငယ်ကတည်းကပြုစုစောင့်ရှောက်
လာခဲ့တဲ့၊ မိဘလို့မခေါ်ထိုက်သော မိဘတွေစီကနေ
စွန့်ပစ်ခံခဲ့ရတဲ့ သူမတို့လိုအစွန့်ပစ်ခံကလေးတွေအတွက် ကောင်းကင်ကြီးပမာ ကြည်လင်အေးချမ်းလှသော သူမတို့ရဲ့သွေးသားမတော်စပ်တဲ့ ကျေးဇူးရှင်မေမေကြီး။"နေကောင်းပါတယ် မေမေကြီးရဲ့
မီမီ အလုပ်များနေလို့ မလာဖြစ်တာပါ
လွမ်းနေခဲ့တာ မေမေကြီးကို"သူမကိုတွေ့လိုက်သည်နှင့်အပြေးလေးလာရောက်ကာ စိုးရိမ်စွာမေးလာသည့် မေမေကြီးအားလှမ်းဖက်ကာ
နေကောင်းပါတယ်ဆိုတဲ့မုသားလေးဆိုလိုက်သည်။ မေမေကြီးကလဲ သူ့ရင်ခွင်ထဲမှာရှိနေတဲ့သူမအား ပြန်လည်ထွေးပွေ့ကာ ကလေးတစ်ယောက်ပမာ သူမခေါင်းကို ပွတ်သပ်ပေးလေသည်။"မေမေကြီး 'ကိုကို'လေးရဲ့ သတင်းကိုကြားတယ်
အဆင်ပြေရဲ့လား မီမီ""မီမီ အဆင်မပြေဘူး မေမေကြီး
မီမီလေ မေမြတ်ကို မစောင့်ရှောက်နိုင်ခဲ့ဘူး
မီမီက တကယ်အသုံးမကျတာဘဲ မေမေကြီးရယ်"ပြောရင်းနဲ့ပင် သူမအားဖက်လျက်ငိုချလာသည့်
ဇင်မီမီကို။ မီမီက 'ကိုကို'လေးအပေါ်
တကယ်သံယောဇဥ်ကြီးရှာတာ။
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Mystery / Thrillerပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။