Part 24

720 41 0
                                    


Unicode

"ဝတ်လွှာ ဒီနေရာကိုဘာလို့လာတာလဲ"
"ဘာမှလဲမရှိတာကို"

"ရှေ့နည်းနည်းလောက်ဆက်သွားရအောင် ရှေ့နားလေးမှာရှိလောက်မှာပါ"

"မဟုတ်.. ဘာရှိနေလို့လဲ
အဲ့ရှေ့မှာ ဂိုထောင်ပျက်တစ်ခုကလွဲပြီး ဘာမှမရှိဘူး
ပြီးတော့ ငါတို့နှစ်ယောက်ထဲလေ နေ့ခင်းကြောင်တောင်ကြီးဆိုပေမဲ့ လူကလဲပျက်နေသေးတယ် ငါကြောက်တယ်"
"ပြန်လှည့်ကြရအောင်လေ ငါတို့"

"အယ်.. ပြန်လှည့်လို့မဖြစ်ဘူးလေ ငါလာတာ
ဒီဂိုထောင်ပျက်စီကိုဘဲလေ"

"ဟမ်.."

"မကြောက်ပါနဲ့ ဘာမှမဖြစ်ဘူး
ငါရှိနေတာဘဲမလား ကြောက်စရာလား"

"မဟုတ်..."

"ရပြီး ရပ် ရပ် ဒီနေရာမှာဘဲကားရပ်လိုက်တော့
သွားရအောင် လိုက်လာခဲ့နော်"

ပြောပြီးပြီးချင်းမှာပင် မြတ်နိုးအားချန်ခဲ့ပြီး
ကားတံခါးဖွင့်ကာ ဆင်းသွားသည့် ရွှေဝတ်လွှာအားကြည့်ရင်း သူမဆွံ့အလျက်။ သူတကယ် အကြောက်အလန့်ကိုမရှိဘူးဘဲ။

ဒီနေ့ ရွှေဝတ်လွှာက သူကိုင်ထားတဲ့မိန်းကလေးတွေပျောက်ဆုံးနေတဲ့အမှု အဓိကကတော့ အမှုစစ်
မေမြတ်ကိုကို အမှုဆိုပိုမှန်လိမ့်မယ် သည့်အတွက်
ရှာစရာရှိသည်ဟုဆိုကာ သူ့နှင့်အတူမြတ်နိုးကိုပါ အတူခေါ်လာခဲ့ခြင်း။
ဒီလိုဂိုထောင်ပျက်လိုနေရာမှာ ဘာရှာစရာရှိမှာမို့လို့လဲ။ သူ ဘာတွေစဥ်းစားနေလဲဆို မြတ်နိုးလိုက်လို့ကို မမှီတော့ဘူး။

"ဝတ်လွှာ! ငါ့ကိုလဲစောင့်ဦးလေ"

ဂိုထောင်ပျက်အဝကိုရောက်နေပြီးဖြစ်တဲ့ရွှေဝတ်လွှာကြောင့် မြတ်နိုးလဲကားထဲမှအမြန်ဆင်းကာ သူ့အားလှမ်းခေါ်ကာပြောတော့ 'မြန်မြန်လာ'ဟုဆိုကာ သူမအားရပ်စောင့်နေလေသည်။

ဂိုထောင်ပျက်အတွင်းသို့ရောက်တော့

"ငါတွေ့ခဲ့တာတွေ မမှားဘူးဘဲ"

"ဟမ်.. ဘာလဲ"

"ဟင့်အင်း ဘာမှမဟုတ်ဘူး"

"ဝတ်လွှာ နင် ငါ မေးတာမဖြေရသေးဘူးနော်
ဘာလို့ဒီကိုလာရတာလဲလို့"

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now