Part 34 (Unicode)

915 44 2
                                    

"ဝတ်လွှာ ရှာတွေ့ပြီး 
ဒေါ်ကျော့မာယာနွယ်လုပ်ထားတဲ့ မကောင်းတဲ့အရာမှန်သမျှကို နောက်ကနေ အကုန်လိုက်ရှင်းပေးရတဲ့သူ"

"တကယ်လား"

"အင်း အဲဒီသက်သေတွေအကုန်သူ့မှာရှိတယ်
ပြီးတော့ သူ့ကို ကျော့မာယာနွယ်လက်ထဲကနေ
လုံခြုံအောင်ကာကွယ်ပေးရင် သက်သေခံပေးမယ်တဲ့"

"ရုတ်တရက်ကြီးလား ဘာလို့တဲ့လဲ"

"သူ့မှာ သက်သေတွေရှိတာသိပြီး ကျော့မာယာနွယ်က
သူ့ကိုနှုတ်ပိတ်ဖို့ကြိုးစားနေလို့ ထွက်ပြေးနေရတာ
လို့တော့ပြောတယ် အကုန်လုံးကိုတော့
သေချာမသိဘူး
ငါနဲ့မတော်တဆတွေ့ပြီး ငါအတင်းမရမကမေးနေလို့သာ သိလိုက်ရတာ"
"အကုန်လုံးကိုသေချာသိချင်ရင် '..' နေရာကိုလာခဲ့တဲ့ဘယ်လိုလဲ သွားမှာလား"

"သွားရမှာပေါ့"

"ရွှေဝတ်လွှာ နင်အဆင်ပြေရဲ့လား"

ထိုင်နေရာကအထမှာ ပြိုလဲကျခါနီးဖြစ်သွားတဲ့
ရွှေဝတ်လွှာရဲ့ကိုယ်ခန္ဓာကို လှမ်းထိမ်းပေးရင်း
မေးလိုက်တော့

"ဟင်.. အင်း
အဆင်..ပြေပါတယ်"

မောဟိုက်အသံနှင့်ပြောလာသည့်ရွှေဝတ်လွှာ။ မျက်နှာဟာလဲသွေးမရှိသည့်နှယ် ဖြူဖပ်ဖြူရော့နှင့် ပြီးတော့ သူ့ရဲ့လက်ဟာလဲအေးစက်နေသယောင်။

"နင် တကယ်အဆင်ပြေရဲ့လား
ဖြူဖျော့နေတာဘဲ အသားတွေလဲအေးစက်လို့
နေမကောင်းဘူးလား ဆေးရုံသွားကြမလား"

"ဟင့်အင်း..  မသွားတော့ဘူး
ဒေါက်တာတွေ့သွားရင်.. စိတ်ပူနေမယ်
ခဏအနားယူ..လိုက်ရင်..အဆင်ပြေသွားလိမ့်မယ်
ငါ့အခြေအနေကို.. ငါသိတယ် စိတ်မပူနဲ့"
"နေရာက ဘယ်မှာလဲ
သေချာလား"

"ဟမ်.. အင်း သေချာတယ်"

"ဒါဆို သွားရအောင်"

"ဟမ်.. အခုလား
နင်နေမကောင်းဘူးမလား
နောက်မှသွားရအောင်လေ"

မလွှဲသာလို့သာမဟုတ်ရင် မြတ်နိုးဒီကိစ္စကိုမလုပ်ချင်ပါဘူး။ ဒါပေမဲ့ မြတ်နိုးမှာလဲ မြတ်နိုးအခက်အခဲနဲ့လေ။

"နောက်မှဆို နောက်ကျသွားမှာစိုးတယ်
အခုက အကောင်းဆုံးအခွင့်အရေးဘဲ"

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now