Unicodeသူသတိရလာပြီး ၃ရက်လောက်နေတော့ပြန်လည် ထူထောင်ရေးလေ့ကျင့်ခန်းတွေလုပ်တာ ၁ပတ်လောက်ရှိနေပြီး။ ထို၁ပတ်အတောအတွင်းမှာ သူ့အားလာရောက်သတင်းမေးကြတဲ့လူတွေအများကြီးရှိတယ်... မေမေ့မိတ်ဆွေ ဖေဖေ့မိတ်ဆွေတွေ၊ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်.. သူငယ်ချင်းဆိုသူတွေ အများကြီးပင်။ ဒါပေမဲ့ ထူးဆန်းသည်က သူ့သူငယ်ချင်းဆိုသူတွေအား တစ်စက်ကလေးမှကို မရင်းနှီး နည်းနည်းလေးဖြစ်ဖြစ် စိတ်ထဲရင်းနှီးသလို ခံစားချက် အဲသလိုခံစားချက်မျိုးရှိသင့်တယ်မလား.. ဒါပေမဲ့ မရှိဘူး အဲသလိုခံစားချက်။ တစ်ခါမှတောင် မမြင်မတွေ့ဖူးတဲ့ ခံစားချက် အဲသလိုခံစားချက်မျိုးသာရသည်။ ထူးဆန်းလိုက်တာ...။
''ဟို... ဟိုလေ''
သူ့ဘေး၌ အလုပ်ရှုပ်နေတဲ့ အစ်မဖြစ်သူအား သိချင်တာမေးရန်ခေါ်တော့''အင်း ငယ်လေး ဘာလိုချင်လို့လဲ''
''ဗိုက်ဆာနေပြီးလား.. ခဏလေးနော် မေမေငယ်လေးအတွက်ကြက်သားစွတ်ပြုတ်ကိုကိုယ်တိုင်စပါယ်ရှယ်သွားချက်နေလေရဲ့။ ဒါမှမဟုတ် အစာပြေကိတ်မုန့်လေးအရင်စားထားမလား''''အာ မဟုတ်ဘူး.. ရပါတယ်''
''မဟုတ်ဘူးလား.. အဲဒါဆို သန့်စင်ခန်းသွားချင်လို့လား လာ မမကြီးတွဲကူမယ် လာ.. လာ''
''မဟုတ်ပါဘူး.. ဗိုက်လဲမဆာသလို သန့်စင်ခန်းလဲမသွားချင်ပါဘူး''
''မေးချင်တာလေ ရှိလို့ပါ''''အင်း မေးလေ''
''ဟို.. ဒေါက်တာ ရွှေဝတ်ရည်နှင်းနဲ့ ညီမက တကယ်ကြီးလက်ထပ်ရမှာလား''
''အင်းလေ ဘာဖြစ်လို့လဲ''
''တကယ် သူလဲမိန်းကလေး ညီမလဲမိန်းကလေးလေ မိန်းကလေးအချင်းချင်းဘယ်လိုလုပ်လက်ထပ်လို့ရမှာလဲ အဲဒါက ဖြစ်..ဖြစ်နိုင်လို့လား''
''တကယ်တော့''
''ဟုတ်''
'ကျွီ'
''ဟော မေမေရောက်လာပြီ''
အော် ... ပြောမဲ့အချိန်မှကွက်တိကိုရောက်ချလာရသလား မေမေဖြစ်သူရယ် good timingဘဲ တကယ်ကိုဘဲ .. ဒီကလူမှာတော့ ဆက်တငတ်ငတ်နဲ့.. ဟူး
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Mystery / Thrillerပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။