Unicode
သူမနေမကောင်းသည့်နေ့ကစပြီး ၅ရက်လောက်အထိကို အိမ်မှာဘဲအနားယူနေရတုန်း။ သူမ ၃ရက်မြောက်နေ့ကတည်းက သက်သာသွားပြီးဖြစ်တာကြောင့် အလုပ်ပြန်ဝင်ရန်ပြောသော်လည်း သူမမာမီဖြစ်သူနှင့်ကလေးမကခွင့်မပြု။ အဆိုးဆုံးက ကလေးမ
ဘယ်ချိန်ကြည့်ကြည့် သူမအနားကကိုမခွာ။ သူမဘယ်သွားသွားအမြဲ အနောက်ကတကောက်ကောက်နဲ့။ သူ့ရဲ့အလုပ်တောင်မသွားဘဲ သူမအနားမှာဘဲ
တနေကုန်။"ကြီးကြီးအေး"
"ပြောလေ နှင်းနှင်း ဘာလိုလို့လဲ"
"ကလေးမ ပြန်မရောက်သေးဘူးလား"
"အင်း မရောက်သေးဘူး နှင်းနှင်း"
"နာရီဝက်ဘဲဆိုပြီး ကြာလိုက်တာ
ဘာဖြစ်လို့ပြန်မရောက်သေးတာလဲ
စိတ်ပူလိုက်တာ''
"သွားရှာလိုက်ရမလား"ဒီနေ့တော့ ကလေးမက အလုပ်ကိစ္စပေါ်လာလို့ အပြင်ခဏသွားမယ်ဆိုပြီး သူမအားခွင့်တောင်းလာသည်။
နာရီဝက်ဘဲကြာမယ်ဆိုပြီး မနက်၈နာရီကတည်းက
ထွက်သွားတာ ၁၁နာရီတောင်ထိုးပြီး ပြန်ရောက်မလာသေး။ ဖုန်းခေါ်ကြည့်သော်လည်း ကလေးမရဲ့ ဖုန်းက အိမ်မှာကျန်နေခဲ့သည်တဲ့လေ။ ခါတိုင်း ဒေါက်တာ ဒေါက်တာလို့ခေါ်ကာ အနားမှာ အမြဲရှိနေတတ်တဲ့သူ
တစ်ယောက် ခဏလေးမရှိတော့ သူမမှာ ဟာတာတာရယ်။ ဘာလိုလို့လိုနေမှန်းမသိ။
ဟူး ခက်တော့တာပါဘဲ။"စိတ်မပူပါနဲ့ နှင်းနှင်းရယ်
ဝတ်လွှာက ကလေးမှမဟုတ်တာ"
"ပြီးတော့ ဝတ်လွှာဘယ်သွားမှန်းလဲမသိဘဲ
ဘယ်မှာသွားရှာမလဲ ပြန်လာမှာပေါ့"
"ဟော ပြောရင်းဆိုရင်း ဟိုမှာပြန်လာပြီ"ကြီးကြီးအေးအပြောကြောင့် သူမကြည့်မိတော့
မြတ်နိုးသဇင်ရဲ့ကားပေါ်ကဆင်းလာတဲ့ကလေးမ။
သွားတုန်းက သူ့ကားနဲ့သူပါ။ ဘယ်လိုဖြစ်လို့
မြတ်နိုးသဇင်ရဲ့ကားနဲ့ပြန်လာရတာလဲ။"ကျေးဇူးနော် မြတ်နိုး"
"မဟုတ်တာ ရပါတယ်
နင် ဘာမဖြစ်ဘူးမလား""အင်း ဘာမဖြစ်ဘူး"
သူ ဒီနေ့ အလုပ်ကိစ္စတစ်ခုကြောင့် မြို့ပြင်သို့ ခဏထွက်သွားရသည်။ အသွားတုန်းကတော့ ဘာပြဿနာမှမရှိပေမဲ့ အပြန်ကျမှ သူ့မောင်းလာတဲ့ကားဟာ ရုတ်တရက်ကြီး စက်ထိုးရပ်သွားတာကြောင့် သူ့မှာ လူသူအရောက်နည်းလှတဲ့ လမ်းလယ်ခေါင်ကြီးမှာဖြစ်နေတာကတစ်ကြောင်း ဖုန်းဆက်အကူအညီတောင်းရန်ပြင်သော်လည်း သူ့နှင့်အတူ ဖုန်းကပါ
မလာဘဲ အိမ်မှာကျန်နေခဲ့လေတော့ တစ်ဒုက္ခကနေ နှစ်ဒုက္ခဖြစ်လို့။ ထို့ကြောင့် သူ့ကားအား
ထိုနေရာ၌ပင်ချန်ရစ်ထားခဲ့ကာ မြို့အဝင်လမ်းသို့
နေပူပူကြီးမှာ ၁နာရီနီးပါး ခြေကျင်လမ်းလျှောက်ခဲ့ရသည်။ တော်သေးသည်က လမ်းမှာ ဘာပြဿနာမှ
မဆုံတာပင်။ မြို့ထဲရောက်တော့ လမ်းသွားလမ်းလာတစ်ဦးဆီက ဖုန်းခဏငှားဆက်ပါရစေဟုဆိုကာ မြတ်နိုးသဇင်အား သူမကိုလာကြိုပေးရန်ပြောလိုက်သည်။ ဒေါက်တာ့ကို ခေါ်ချင်ပေမဲ့ နေမကောင်းတာ အခုမှသက်သာယုံရှိသေးတဲ့ဒေါက်တာအား ဒုက္ခမပေးချင်တာကြောင့် မခေါ်ဖြစ်တော့။
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Mystery / Thrillerပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။