Part 6

1.1K 60 0
                                    

unicode

အလွန်ကိုမှတိတ်ဆိတ်ငြိမ်သက်နေသောနေရာတစ်ခု၊
ဘာဆိုဘာမှမရှိသော၊ အဖြူရောင်နှင့်သာပြည့်နှက်နေသောနေရာတစ်ခု၊ ထိုနေရာ၌လမ်းပျောက်နေသော အမျိုးသမီးတစ်ဦး၊ ထိုနေရာကဘယ်မှာလဲ၊ ထိုအမျိုးသမီးကရောဘယ်သူလဲ၊ ဘာကြောင့်ထိုနေရာမှာရှိနေရတာလဲ။

''ငါ့ရဲ့စိတ်နှင့်ကိုယ်ခန္ဓာအားယူပြီး ငါ့ကိုယ်စားဆက်ပြီး အသက်ရှင်သွားပါ''

တိတ်ဆိတ်ငြိမ်သက်နေသောထိုနေရာ၌ ဟိန်းထွက်လာသောအသံတစ်သံ။ ဤသည်ကား အမျိုးသမီးငယ်တစ်ဦး၏အသံ။ သို့သော် အဖြူရောင်နှင့်သာ
ပြည့်နှက်နေသော ထိုနေရာ၌လမ်းပျောက်နေသော အမျိုးသမီးမဟုတ်။

''ငါ့ရဲ့စိတ်နှင့်ခန္ဓာအားယူပြီး ငါ့ကိုယ်စားအသက်ရှင်သွားပါ''

''ငါ့ရဲ့စိတ်နှင့်ခန္ဓာကိုယူပြီး ငါ့ကိုယ်စားအသက်ဆက်ရှင်ပေးပါ''

ထပ်ခါတလဲလဲထွက်ပေါ်လာသောထိုအသံ။ အကြောင်း အရာတစ်ခုတည်းကိုသာ ထပ်ခါထပ်ခါပြောဆိုနေသော အမျိုးသမီးငယ်တစ်ဦး၏စကားသံ။

''ဘယ်သူလဲ။ အခုစကားပြောနေတာဘယ်သူလဲ''

''ငါရဲ့စိတ်နှင်ခန္ဓာအားယူပြီး ငါ့ရဲ့ကိုယ်စားဆက်ပြီးအသက်ရှင်ပါ''

အဖြူရောင်နယ်မြေအတွင်း လမ်းပျောက်နေသော ထိုအမျိုးသမီး၏ အမေးစကားအားပြန်မဖြေဘဲ အကြောင်း အရာတစ်ခုတည်းကိုသာ ဆက်လက်ပြောဆိုနေသည့် အမျိုးသမီးငယ်။ ထိုအသံဟာ ဘယ်ကထွက်ပေါ်လာသလဲ။ ဘာကြောင့်များ ထိုအကြောင်းအရာတစ်ခုတည်းကိုသာ တောင်းဆိုသလိုတစ်မျိုး အမိန့်ပေးသလိုတစ်ဖုံ ဆက်တိုက်ပြောဆိုနေရတာလဲ။ ထိုအမျိုးသမီးငယ်ဟာရော ဘယ်သူများလဲ။ ထို့နောက် ထွက်ပေါ်လာသော အလင်းတန်းတစ်ခု၊ ပြီးတော့ ဆွဲယူခံလိုက်ရတဲ့စိတ်ဝိဉာဥ်တစ်ခု။

''အား.........''

''ပြီးတော့ ကူညီပေးပါ ငါ့ကို..''

ထိုနောက်ဆုံးအကူအညီတောင်းသည့်အသံဟာတော့ အလွန်ကိုမှတိုးလျစွာ၊ သူမ၏မျက်ဝန်းထဲ၌လည်း အရည်များပြည့်လျှံလျက်။ သို့သော် ဆွဲယူခံလိုက်ရတဲ့ စိတ်ဝိဉာဥ်ကတော့ ထိုအကူအညီတောင်းသံအားမကြားလိုက်ပေ။

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now