Part 29 (I)

726 34 1
                                    

Unicode

"ကလေးမ"

"ဒေါက်တာ"

သူမ ခွဲစိတ်ခန်းထဲမှ ထွက်လာပြီး သူမရဲ့ရုံးခန်းသို့ပြန်လာတော့ ဆိုဖာပေါ်မှာထိုင်နေတဲ့ကလေးမကိုတွေ့လိုက်ရသည်။

"အများကြီး ပင်ပန်းနေလားဟင်"

ဆိုဖာပေါ်မှာ ထိုင်နေတဲ့ သူရဲ့ပေါင်ပေါ်သို့
ခေါင်းတင်ကာ လှဲချလိုက်တဲ့ ဒေါက်တာကြောင့်
သူမေးလိုက်တော့

"အင်း အရမ်းပင်ပန်းတာဘဲ ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ ဒေါက်တာ"

"ကလေးမသာ တို့ကို အနမ်းပေးမယ်ဆိုရင်တော့
ပင်ပန်းထားသမျှ အကုန်ပျောက်လောက်မယ်ထင်တယ်"
"တို့ကို ပင်ပန်းတာသက်သာအောင် အားဆေးလေး
မပေးချင်ဘူးလားဟင်"
"ဘယ်လိုလဲ ကလေးမ တို့ကိုနမ်းမလား
ဒါမှမဟုတ် တို့က ကလေးမကိုနမ်းရမလား ပြော"
"တို့ကတော့ နှစ်ခုလုံးအဆင်ပြေတယ်နော်"

ဒေါက်တာ့အပြောကြောင့် သူမြတ်နိုးစွာ ဒေါက်တာ့နဖူးအား ငုံ့နမ်းလိုက်သည်။ ဒါကို ဒေါက်တာက
မကျေနပ်စွာဖြင့် သူမနှုတ်ခမ်းအား လက်ညိုးဖြင့်
ထိုးပြကာ

"ဒီမှာ ကျန်သေးတယ်လေ ကလေးမရဲ့ ဒီမှာ"

ထို့ကြောင့် ဒေါက်တာ့နှုတ်ခမ်းပါးအား ထိရုံမျှဖိကပ်ကာ နမ်းပြီး ပြန်ခွာရန်ပြင်တော့ ဒေါက်တာက
သူ့လည်တိုင်အား သူမလက်နှစ်ဖက်ဖြင့် ပြန်ဆွဲချကာ သူနှုတ်ခမ်းတွေအား နက်နက်ရှိုင်းရှိုင်းနဲ့ကို နမ်းရှိုက်လေသည်။

"အားး ချိုနေတာဘဲ ကလေးမရဲ့နှုတ်ခမ်းက"

"ဒေါက်တာ အရမ်းအတင့်ရဲလာတာဘဲနော်"

"အဲတာ မင်းနှုတ်ခမ်းတွေကြောင့်
မင်းနှုတ်ခမ်းတွေက တို့ကိုစွဲမက်စေတယ်
ဒီနှုတ်ခမ်းတွေကို တစ်နေ့တစ်ခါမကထိတွေ့ချင်နေတာ တို့အပြစ်မဟုတ်ဘူး"

"ဟိုးထား ဒေါက်တာ"

"ဘာဖြစ်လို့လဲ တို့နမ်းချင်တယ်လေ
ကလေးမရဲ့နှုတ်ခမ်းကို နမ်းခွင့်ပေးလေနော်
တို့ကြိုက်တယ်လို့"

ကလေးဆန်ဆန်ဒေါက်တာ့အပြောကြောင့် သူရီမိတော့

"မင်းနော် တို့ကိုချစ်တယ်ပြောပြီ
နမ်းခွင့်တောင် မပေးဘူးလား
တို့ကိုချစ်ရင် တို့နမ်းတာခံလေနော်
တို့ကိုမချစ်ဘူးလားဟင်"

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now