Unicode
မနက်ခင်းနေရောင်ဟာ ပြတင်းမှန်တံခါးဆီမှတစ်ဆင့်
ဝင်ရောက်လို့လာလေပြီ။ အခန်းတစ်ခန်းရဲ့ကုတင်ထက်တွင်တော့ သူတို့ရဲ့ခံစားချက်ကို ပူပူနွေးနွေး
ဖွင့်ဟဝန်ခံထားခဲ့ကြတဲ့ လက်ထပ်ကြထားသော အမျိုးသမီးတစ်ဦး နှင့် မိန်းကလေးငယ်တစ်ဦး။ အမျိုးသမီးကတော့ မိန်းကလေးငယ်အား သူမရဲ့ရင်ခွင်ထဲထည့်ကာ ဖက်လျက်သား အိပ်မောကျနေသော်လည်း ထိုအမျိုးသမီးရင်ခွင်ထဲရှိ
မိန်းကလေးငယ်ကတော့ အမျိုးသမီးရဲ့ရင်ခွင်ထဲ၌ပင် အိပ်မောကျနေတဲ့ အမျိုးသမီးရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုစီအား လက်ညှိုးလေးဖြင့် ထိတွေ့ကိုင်တွယ်ကာ သဘောကျနေလေရဲ့။"ချောလိုက်တာ"
"အင်း တို့ချောတာတို့သိပါရဲ့"
"ဒေါက်တာ နိုးနေတာလား
ဘယ်ချိန်ကတည်းကလဲ""တို့ရင်ခွင်ထဲက အကောင်ပေါက်လေးတစ်ကောင်
အငြိမ်မနေဘဲ တို့မျက်နှာအစိတ်အပိုင်းတစ်ခုစီကို
လာထိတွေ့ကတည်းက ဆိုပါတော့
ဘာဆက်လုပ်မလဲသိချင်လို့စောင့်နေတာ"သူ့လက်ညှိုးအားဆုပ်ကိုင်ကာ သူ့မျက်ဝန်းနှင့်
အကြည့်ချင်းဆုံပြီး ထိုမှတစ်ဆင့် သူရဲ့နှုတ်ခမ်းတွေဆီ ရောက်လာတဲ့ ဒေါက်တာ့မျက်လုံးကြောင့် သူ့မှာရှက်ကိုးရှက်ကန်းတောင်ဖြစ်သွားတယ်။"ဘာ.. ဘာမလုပ်ပါဘူး"
"ဟင်.. တကယ်ဘာမှဆက်မလုပ်ဘူးလား
တို့က မျှော်လင့်နေတာကို""ရှင်.."
"တို့ကို တို့မသိအောင်များ ခိုးနမ်းမလားလို့လေ"
အမှန်တော့သူမနိုးနေတာကြာပြီး။ သူမနိုးလာတော့ သူမရင်ခွင်ထဲက ကလေးမက အိပ်လို့ကောင်းတုန်းရှိသေး။ သူမလဲအိပ်ကောင်းနေတဲ့ကလေးမကိုကြည့်ပြီး အသည်းယားလာတာကြောင့် ကလေးမရဲ့ နဖူး၊ မျက်ခုံးနှစ်ဖက်၊ နှာခေါင်း နှင့် ပါးနှစ်ဖက်တို့ကို
တစ်လှည့်စီမွှေးကြူးတာတောင် ကလေးမဟာ
တုပ်တုပ်မျှပင်မလှုပ် တကယ့်အိတ်ပုတ်လေး။ ထို့နောက်တော့ ဆူထော်နေတဲ့ကလေးမရဲ့နှုတ်ခမ်းဆီ အကြည့်ရောက်သွားတော့ စိတ်ထဲ၌မရိုးမရွဖြစ်ကာ ထိုနှုတ်ခမ်းပါးအား သူမနှုတ်ခမ်းဖြင့်ထိတွေ့မိသည်။ ပြန်မလွှတ်ချင်းလောက်အောင်ပင် ဆွဲဆောင်နေလေတော့ သူမမှာ ကလေးမရဲ့ 'အင်းးအဲ'သံကြားမှလွှတ်ပေးမိသည်။ ထို့နောက် ပွင့်ဟလာတဲ့ကလေးမ
ရဲ့မျက်ဝန်းတစ်စုံကြောင့် သူမလဲမျက်လုံးအမြန်မှိတ်ကာနေလိုက်သည်။ ကလေးမ သူမမျက်နှာအစိတ်အပိုင်းတစ်ခုစီကို ကိုင်တွယ်နေတာလဲ သူမ
သိသည်။ သို့သော် သူမလိုများ သူမနှုတ်ခမ်းအား
ခိုးနမ်းမလားဟု စောင့်မျှော်နေသော်လည်း သူမမျှော်လင့်တာက ရောက်မလာဘဲ ချောလိုက်တာဆိုတဲ့စကားတစ်ခွန်းသာ ကြားလိုက်ရသည်။
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Bí ẩn / Giật gânပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။