Unicodeအမျိုးသမီးတစ်ဦးမောင်းနှင်ကာ မိန်းကလေးငယ်
တစ်ဦးလိုက်ပါစီးနှင်လာသော Toyota အဖြူရောင်ကားတစ်စီးဟာ မြို့ထဲလမ်းမထက်ပြေးနှင်လျက်ရှိသည်။''စောစောက စားလိုက်တဲ့နေ့လည်စာကိုသဘောမတွေ့လို့လား''
တိတ်ဆိတ်နေသောကားအတွင်း၌ တိတ်ဆိတ်မှုကိုဖြိုခွင်းသူမှာ ဒေါက်တာရွှေဝတ်ရည်နှင်း။
''ရှင်.. မဟုတ်ပါဘူး စားလို့အဆင်ပြေပါတယ်''
''ဒါဆို လက်ထပ်ပွဲအတွက်အက်ျီကိုစိတ်တိုင်းမကျလို့လား''
''မဟုတ်ပါဘူး အဆင်ပြေပါတယ်အက်ျီက''
''ဒါဆို ဘာကအဆင်မပြေဖြစ်နေလို့ မျက်နှာမကောင်းတာလဲ နေမကောင်းဘူးလား''
''မဟုတ်ပါဘူး..နေကောင်းပါတယ် ဒေါက်တာ''
''ဒါဆို .. တို့နဲ့အတူရှိရတာမကြိုက်လို့လား''
သူမတို့ မနက်၁၀နာရီလောက်ကတည်းက ကလေးမအိမ်ကနေ ပထမဦးဆုံးလက်ထပ်ပွဲအတွက်အက်ျီသွားရွေးရန်ထွက်ခဲ့ကြသည်။ ၁၀:၄၅လောက်မှာဆိုင်ကိုရောက်တော့ အက်ျီကိုစမ်းဝတ်ကြည့်ကြတဲ့အခါ သူမဝတ်စုံကကွတ်တိကျပေးမဲ့ ထိုကလေးမရဲ့ဝတ်စုံက သူ့ထက်အနည်းငယ်ကြီးနေကာပြန်ပြင်နေရတာကြောင့် ၁၁နာရီခွဲမှသာ ထိုဆိုင်ကထွက်ခဲ့ကြရသည်။ ထို့နောက်တွင်တော့ Hotelမှာ လက်ထပ်ပွဲအတွက်
ဘိုကင်တင်ရန်ထွက်ခဲ့ကြသည်။ ထိုသို့ လက်ထပ်ပွဲအတွက်လိုအပ်တဲ့ကိစ္စအဝဝကိုဆောင်ရွက်ပြီးချိန်မှာတော့ အချိန်ကား ၁၂:၄၇ ရှိနေပြီ။ ထို့ကြောင့် နေ့လည်စာဝင်စားခဲ့ကြပြီးအခုတော့အိမ်အပြန်လမ်းပေါ်တွင် တိတ်ဆိတ်ငြိမ်သက်နေသော ကားပေါ်မှာ ဝစီပိတ်
ကျင့်နေသလားမှတ်ရတဲ့ ထိုကလေးမဟာစကားတစ်ခွန်းမှမပြောဘဲငြိမ်နေတာကြောင့် သူမမှာစကားလမ်းကြောင်းဖောက်သော်လည်း အမေးတစ်ခွန်းအဖြေတစ်ခွန်းသာ။''မဟုတ်တာဘဲ ဒေါက်တာရယ်''
ကြည့်ပါလား။ 'မဟုတ်ပါဘူး'ကလွဲပြီး တခြားပြောစရာစကားမရှိတော့ဘူးလားမသိ.. စိတ်တိုလိုက်တာ
''ဒါဆို ဘာလို့စကားမပြောရတာလဲ အပြင်ဘက်ကိုငေးကြည့်နေပြီး ဘာလို့တို့ကိုစကားတစ်ခွန်းတောင်မပြောရတာလဲ တို့ကိုရှိလိုရှိမှန်းတောင်သိရဲ့လား
အဲသလောက်ထိတို့နဲ့အတူရှိရတာသဘောမကျဘူးလား စကားမပြောချင်လောက်အောင်လေ''
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Misterio / Suspensoပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။