Part 11 ( II )

1.1K 59 0
                                    

Unicode

''ဆေးရုံကဆင်းရတော့မယ်ဆိုတော့ ပျော်နေမှာပေါ့''

တိတ်ဆိတ်မှုအားဖြိုခွင်းလိုက်သူမှာ ဒေါက်တာ
ရွှေဝတ်ရည်နှင်း

''ရှင်..'' ထိုကလေးမ၏ကြောင်အစွာထွက်ပေါ်လာသောအသံ။

ဟဲ့ဟဲ့ အော်... ဆေးရုံကဆင်းရတာကိုမပျော်တဲ့လူ
ဘယ်သူရှိမှာတုန်း ရွှေဝတ်ရည်နှင်းရယ် ဘာတွေမေးနေရတာတုန်း တကယ်ပါဘဲနော် ကိုယ့်ကိုကိုယ်ပြန်သတိပေးလျက်။

''အာ အဲလိုသဘောမျိုးပြောတာမဟုတ်ပါဘူး အထင်မလွဲပါနဲ့''

သူ့အား ပျော်နေမှာပေါ့ပြောသည့် ဒေါက်တာအား
သူထူးထူးဆန်းဆန်းတွေးလိုက်မိသည်က မဟုတ်မှလွဲ
'ဒေါက်တာ မူးနေတာများလား'။ သို့သော် ထိုအမျိုးသမီးက သူမပြောလိုက်သည့်စကားအား အထင်မလွဲစေရန် လက်လေးခါကာသူ့အား ရှင်းပြလေတော့ ဟုတ်သားဘဲ ဒေါက်တာကမူးစရာလား ဘယ်လိုတွေတောင်တွေးလိုက်တာလဲ ဒေါက်တာ့ကိုစိတ်ထဲ၌သာတောင်းပန်လျက်

''အာ ဟုတ်ကဲ့ ရပါတယ်ဒေါက်တာ''

''အင်း ပြီးတော့ မာမီတို့က မင်းဆေးရုံကဆင်းပြီး
တစ်ပတ်လောက်နေရင် မင်းနဲ့တို့ကိုလက်ထပ်ပေးဖို့အတွက်စီစဥ်တော့မယ်ပြောတယ်''

''ရှင်.. အဲသလောက်တောင်မြန်ရလား''

''အင်း အဲတာ မင်းဘယ်လိုသဘောရလဲမေးမလို့''

ဟုတ်သားဘဲ ဒီကိစ္စကိုလုံးဝကြီးမေ့နေတာရယ်။ ဘယ်လိုရှင်းရမှာပါလိမ့်။ ပြောရမယ်ဆိုရင် အခုငါက ငါမဟုတ်ဘူး ပြီးတော့ သူကလဲ သူမဟုတ်နေဘူး သူကငါဖြစ်နေပြီးတော့ ငါကဘယ်မှာမှန်းသိမနေဘူး။ အဲဒါကြောင့် ဒေါက်တာနဲ့လက်ထပ်မဲ့သူက သူဆိုပေမဲ့ သူမဟုတ်ဘဲ ငါဖြစ်နေမှာပေါ့ မဖြစ်ဘူး ဒီပြဿနာကိုအရင်ရှင်းရမယ်။ ဒါပေမဲ့ ဘယ်လိုရှင်းရမှာလဲ။
(အပေါ်စာပိုဒ်တွင် 'သူ' သည် 'ရွှေဝတ်လွှာ' အား ရည်ညွှန်းပြီး 'ငါ' သည် 'ယွန်းမြတ်ကိုကို' ကို ရည်ညွှန်းခြင်းဖြစ်သည်။)

''ဒေါက်တာကရော''

''ဟင်''

''ဒေါက်တာရော ဒီလက်ထပ်ပွဲကိုဘယ်လိုသဘောရလဲလို့''

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now