Part 32 (I)

749 35 0
                                    


Unicode

လမ်းဘက်ကိုကြည့်ကာ အတွေးနယ်ချဲ့နေသော
အမမီ။
အမမေမြတ်ကိုကိုကိစ္စပြီးကတည်းက အမမီကိုကြည့်လိုက်တိုင်း အမြဲလိုတမှိုင်မှိုင်တထွေထွေနှင့် တစ်ခုခုကို တွေးတောနေဟန်။

"အမမီ..
အမမီ"

"ဟင် .. အင်း ပြောလေ သွယ်သွယ်"

"အဆင်ပြေရဲ့လားဟင်"

ဟိုအရင်ရက်က ရွှေဝတ်လွှာပြောပြလာသည့်အကြောင်းအရာတွေကို ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို ပြန်တွေးနေသည်ကြောင့် သွယ်သွယ်ခေါ်နေသည်ကိုအာရုံမရ။ ဘယ်လိုဘဲမဖြစ်နိုင်သည့်ကိစ္စလို့ဆိုဆို ရွှေဝတ်လွှာရဲ့ အပြုအမူအပြောအဆိုတွေက သူမရဲ့ချစ်ရသူနဲ့ ထပ်တူကျနေသည်။ ပြီးတော့ သူမတို့ရဲ့ငယ်ဘဝအကြောင်းတွေထိရွှေဝတ်လွှာက သိနေသည်လေ။ အခုမှသေချာပြန်စဥ်းစားမိတယ် ရွှေဝတ်လွှာနဲ့ ပထမဆုံးစတွေ့တဲ့နေ့က သူမကို 'ဇင်မီ'လို့ခေါ်ပြီး 'နင် နဲ့ ငါ' ဟုပြောတဲ့ ရွှေဝတ်လွှာ၊ မေမြတ်နဲ့ ပတ်သတ်တဲ့လူတွေကို ရွှေဝတ်လွှာက သိနေသလို၊ မေမြတ်နဲ့သက်ဆိုင်တဲ့နေရာတိုင်းမှာ ရွှေဝတ်လွှာရှိနေတယ်။
အဲဒါကြောင့် ရွှေဝတ်လွှာက မေမြတ်ကိုကိုဖြစ်နိုင်တာပေါ့ ဟုတ်တယ်မလား။

သွယ် မေးလိုက်သော်လည်း ဘာမှပြန်မဖြေလာဘဲ အတွေးနယ်ချဲ့နေပြန်သည့် အမမီကြောင့်

"အမမီ အမမီ"

"ဟင်.. အင်း အဆင်ပြေပါတယ်သွယ်သွယ်ရဲ့"

"တကယ် အဆင်ပြေရဲ့လား အမမီ"

"တကယ်ပါ စိတ်မပူပါနဲ"

******

"မေးတာနောက်ကျသွားပေမဲ့ ဒေါ်လေးရဲ့ လက်ဆောင်ကိုသဘောကျရဲ့လား ငယ်"

"သဘောကျလောက်တဲ့လက်ဆောင်
မဟုတ်ဘူးထင်တယ်"

သူ ကိုကောင်းနဲ့စကားပြောပြီ ည၁၁နာရီလောက်မှာ
တက်လာတဲ့သတင်းဟာ ဝမ်းသာစရာအတိ။ အတွင်းသတင်းပေးကြောင့် ကိုကောင်းတို့ရဲ့ Rising Moon Clubကို လျှပ်တစ်ပြတ်ဝင်ရောက်စစ်ဆေးမှုတွင် မူးယစ်ဆေးအမြောက်အများနှင့် ဒေါ်လေးနဲ့ပတ်သတ်သည့် လူတွေအများစုကိုသက်သေနှင့်တကွဖမ်းဆီးရရှိခဲ့သည်။ စစ်မင်းအောင် အပါအဝင်ပေါ့။ Rising Moonဟာလဲ ပိတ်သိမ်းခြင်းခံလိုက်ရသည်လေ။ သို့ပေမဲ့လဲ ထိုဝမ်းသာစရာဟာ ကြာရှည်မခံလိုက်။ သူ့မွေးနေ့မရောက်ခင်မှာဘဲ စစ်မင်းအောင်ကို ဖမ်းချုပ်ထားရာကနေ လွှတ်ပေးလိုက်ရပြီးဆိုသည့်သတင်းနှင့် သူ့ရဲ့မွေးနေ့တွင်တော့ သေဆုံးနေတဲ့
မေမြတ်ကိုကိုဖြစ်တဲ့ သူ့ရဲ့ dead body ဟာ ထွက်ပေါ်လာခဲ့သည်လေ။ ထိုနေ့က အလောင်းကိုခွဲစိတ်စစ်ဆေးတော့ ရလဒ်အရ လွန်ခဲ့တဲ့၃ရက်က သေဆုံးခဲ့ပြီး မူးယစ်ဆေး အလွန်အကျွံသုံးစွဲထားသည်ကြောင့်
စိတ်ကယောက်ကယက် ဖြစ်ကာ ကိုယ့်ကိုကိုယ်အဆုံးစီရင်မှုတဲ့။
CCTVမှတ်တမ်းအရကလဲ သူကိုယ်တိုင်ပင် ကားမောင်းကာ မြို့ပြင်မြို့စွန်းမှာရှိနေတဲ့ ချောက်နက်ထဲရှိ ရေထဲကိုကားဖြင့်ထိုးဆင်းသွားသည်ကိုတွေ့ရသည်။
မသေခင် ချန်ထားခဲ့တဲ့စာတစ်စောင်ကတော့
'တောင်းပန်ပါတယ် ငါလုပ်ခဲ့တဲ့အမှားအတွက် ငါ့ရဲ့အသက်နဲ့ပြန်ပြီးပေးဆပ်ပါမယ်'တဲ့။ ထိုစာကြောင့်ဘဲ အသက်မသေခင် ပျောက်ဆုံးနေသည့်ကာလတွေမှာ
မေမြတ်ကိုကိုဟာ သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို နောင်တရကာ ရင်မဆိုင်ဝံ့သည်ကြောင့်ပုန်းကွယ်နေသည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်ကြသည်လေ။
(စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်သည်)

ဆန်းကြယ်သော ကံကြမ္မာ (Complete)Where stories live. Discover now