unicode
စခန်းမှာပြဿနာတွေဖြေရှင်းပြီးလို့ ညနေ ၅နာရီလောက်ကျတော့ သူ့တိုက်ခန်းကိုသာပြန်လာခဲ့တယ်။ ထိုတိုက်ခန်းမှာ ငယ်ငယ်ကတည်းကမိဘမဲ့ဂေဟာမှာ အတူတူကြီးပြင်းလာတဲ့ သူ့ထက် ၂နှစ်နီးပါးကြီးသည့် မတည့်အတူနေ ငယ်သူငယ်ချင်းဖြစ်သူ ဇင်မီမီကို။ သူတို့ကျောင်းပြီးလို့ ဂေဟာကထွက်လာကတည်းက တူတူငှားနေခဲ့ကြတယ်။ သူဟာအမှုစစ်တစ်ယောက်ဖြစ်လာပြီး သူငယ်ချင်းဖြစ်သူကတော့ပန်းဆိုင်တစ်ဆိုင်ဖွင့်ထားလေရဲ့။သူငယ်ချင်းဆိုတာထက်ကို အစ်မတစ်ယောက်လိုခင်တွယ်ရတဲ့သူ။ အင်း အစောကပြောခဲ့တဲ့တွယ်တာစရာမရှိဘူးဆိုတာကို ပြန်ငြင်းပါရစေ။ သူ့မှာတွယ်တာစရာဆိုလို့ ဇင်မီမီကိုတစ်ယောက်တည်းသာရှိသည်။
"နင် ဒီကိုလာခဲ့"
"အား နာတယ်။ နာတယ်လို့။ ဘာလဲ။ဘာလဲ"။
အခန်းသို့ပြန်ရောက်ရောက်ချင်းပင် ဘယ်ချိန်ကတည်းပြန်ရောက်နေမှန်းမသိတဲ့ သူငယ်ချင်းဖြစ်သူ ဇင်မီမီကိုက သူ့အား နားရွက်လိမ်ဆွဲလေရဲ့။"နင့်ကိုပြဿနာမရှာနဲ့လိုပြောထားတယ်မလား။ ဘာလို့စကားနားမထောင်ရတာလဲ မေမြတ်ကိုကို"
ဟိုက် နာမည်တောင်တပ်ခေါ်နေပြီးဆိုတော့ ဒေါသထွက်တဲ့ level တော်တော်မြင့်နေပြီးထင်ပါရဲ့။"ငါ..ငါက..ဘာ..ဘာလုပ်လို့တုန်း"
သူတောင် အခုမှပြန်ရောက်တာလေ။ သူ့သူငယ်ချင်းဖြစ်သူက ဘယ်ကနေဘယ်လိုသိသွားရပြန်တာတုန်း။ သတင်းကလဲမြန်လိုက်တာကွာ။ ကြောက်စိတ်ကြောင့် ထစ်ထစ်အအထွက်လာသောအမေးစကား။ သူ့သူငယ်ချင်းဖြစ်သူ ဇင်မီမီကိုရဲ့ ဒေါသအကြောင်း သူသာအသိဆုံး။ ပုံမှန်ဆိုအနေအေးသလောက် ဒေါသထွက်ပြီးဟေ့ဆိုရင်တော့ ပြေးဖို့နေရာရှာထားပေတော့ဘဲ။ အခုတော့ သူ့နားရွက်လေးပြတ်ထွက်တော့မယ် ဟင့်။"ဘာလုပ်လို့လဲ ဟုတ်လား။ နင်လုပ်ထားတာ နင်မသိဘူးလား ဟမ်။ ဘယ်လောက်အန္တာရာယ်များလဲဆိုတာ နင်မသိဘူးလား။ မတော်လို့ နင့်ကိုမကျေနပ်လို့သူတို့တစ်ခုခုပြန်လုပ်ရင် ဘယ်လိုလုပ်မလဲ။ ဘယ်လောက်တောင်အန္တာရာယ်များလိုက်သလဲ။ ငါ့မှာနင်ကလွဲပြီးမရှိဘူးဆိုတာမသိဘူးလား ဟမ်။ အကယ်၍နင့်သာတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဟင့် ဘယ်လိုလုပ်မလဲလို့ အီးဟီး"
ဟော သူ့နားရွက်အားဆွဲထားသောလက်ကိုလွှတ်ကာ၊ ဆူပူနေရင်းနှင့်ပင် ထိုင်ချကာငိုနေသော သူငယ်ချင်းဖြစ်သူဇင်မီမီကို။
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Mystery / Thrillerပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။