Unicodeဒီနေ့ ကလေးမကိုသွားကြိုရမည်ဖြစ်တာကြောင့် သူမအစောကြီးထကာ ပြင်ဆင်နေခဲ့သည်။ ထိုကလေးမ
ဟာလေ ၃ရက်ပြောပြီး ၁ပတ်ကြီးများတောင် သူ့အမေအိမ်မှာနေလိုက်သည်လေ။ သူမလဲသွားတွေ့ချင်ပေမဲ့ ခနခနဆိုတော့လဲ သိပ်မကောင်းဘူးလေ
ဟုတ်တယ်မလား။ ဒီနေ့သူမ အလုပ်နားသည့်နေ့ အခု ၉း၂၅ မိနစ်ဆိုတော့ နောက်ထပ် ၅မိနစ်နေရင် သွားကြိုရတော့မယ် ကလေးမက ၉နာရီခွဲလောက်မှလာကြိုဖို့မှာထားသည်လေ။ ကလေးမကိုသွားကြိုရင်း ကလေးမနဲ့အတူ လျှောက်လည်ပစ်ဖို့လဲတွေးထားသေးသည်။"What if we rewrite the star..." (ဖုန်းမြည်သံ)
ထိုအတွေးတွေဟာ သူမဆီဝင်လာတဲ့ဖုန်းကောလ်တစ်ခုကြောင့် ကြက်ပျောက်ငှက်ပျောက်
"ဟယ်လို"
"ဟယ်လို ဒေါက်တာ"
"အင်း ဘာကိစ္စရှိလို့လဲ"
"ဒေါက်တာ အခုဆေးရုံကို အမြန်လာပေးလို့ရလားဟင်"
"ဘာဖြစ်လို့လဲ ဖြည်းဖြည်းချင်းပြော စိတ်ကိုလျှော့ထား"
သူမအား စကားကို ထိတ်ထိတ်ပြာပြာနဲ့ပြောနေသည်ကြောင့် စိတ်လျှော့ရန်ပြောရသည်။ သူမအား
ဖုန်းဆက်သည့်သူက သူမရဲ့လက်အောက်က ဆရာဝန်ငယ်တစ်ဦး။"အခုဆေးရုံကို အရေးကြီးခွဲစိတ်ကုသဖို့လိုတဲ့
လူနာတစ်ဦးရောက်လာလို့ ဒေါက်တာနှင်း အဲ့တာဒေါက်တာနှင်းကို လိုအပ်လို့""တခြားဆရာဝန်တွေကရော ဘာလုပ်နေတာလဲ"
"အဲတာ တကယ်တော့ လူနာရဲ့အခြေအနေကအများကြီး မကောင်းတာမို့ ခွဲစိတ်ရင်းနဲ့တစ်ခုခုဖြစ်သွားခဲ့ရင်ဆိုပြီး ဒေါက်တာတို့က ခွဲစိတ်ဖို့.."
"မလုပ်ချင်တာ အဲလိုလား တကယ်ပါဘဲ ငါချက်ချင်းလာခဲ့မှာမို့ အသင့်ပြင်ဆင်ထားကြ"
"ဟုတ်ကဲ့ တောင်းပန်ပါတယ် ဒေါက်တာနှင်း နားရက်ကြီးမှာ ဖုန်းခေါ်မိလို့ ပြီးတော့ ကျေးဇူးတင်ပါတယ်"
"အင်း ဒါဘဲ"
ကလေးမနဲ့အတူလျှောက်လည်ဖို့အစီအစဥ်တော့ဝေးပြီးပေါ့။ ထိုကြောင့် ကလေးမအားဖုန်းခေါ်ပြီး သူမ လာကြိုလို့ အဆင်မပြေကြောင်းပြောတော့ သူမအား ပြန်ပြောသည်က
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
غموض / إثارةပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။