Unicodeတဖြည်းဖြည်းနဲ့ပွင့်လာသော မျက်ဝန်းတစ်စုံရဲ့ပိုင်ရှင်ဖြစ်သူအား ကြည့်ပြီး သူတို့အတော်လေးအံသြလို့မဆုံး၊ အလွန်ပြင်းထန်တဲ့ accident၊ အတော်ကိုမှ ခက်ခဲလှတဲ့ operation တစ်ခုမှ လွတ်မြောက်ကာ စောင့်
ကြည့်အနေအ ထားမှ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာ ပြန်လည်နိုးထလာသောသူ။''ရွှေဝတ်လွှာ သမီး အန်တီ့အသံကြားရလား သမီးဝတ်လွှာ ဝတ်လွှာ''
သူ့ကိုခေါ်နေတာများလား။ အား တစ်ကိုယ်လုံးကိုက်ခဲနေတာဘဲ။ နာလိုက်တာ။ ကြားရကြောင်းပြောပြချင်ပေးမဲ့ ဘယ်လိုမှပြောလို့အဆင်မပြေတာကြောင့် ဒီအတိုင်းဘဲ သူ့ကိုစကားပြောနေတဲ့ ထိုအန်တီကြီးအား ကြောင်ကြည့်နေမိတယ်။ ထိုအခါ ထိုအန်တီကြီးမှ
''ဝတ်လွှာ သမီးအန်တီပြောတာကို ကြားတယ်ဆို မျက်တောင်နှစ်ချက်လောက်ခတ်ပြနော်''
ထိုအန်တီကြီးပြောသည့်အတိုင်းပင် သူမျက်တောင်နှစ်ချက်ခတ်ပြီးသည့်အခါ သူ့မျက်စိရှေ့၌လက်နှစ်ချောင်းထောင်ပြကာ
''သမီး ဒါလက်ဘယ်နှချောင်းလဲ မြင်ရလား''
''သမီးလက်ကလှုပ်လို့အဆင်ပြေလား နည်းနည်းလောက်ဖြစ်ဖြစ် လှုပ်ပြကြည့်ပါလား''
''ခြေထောက်ကိုရော နည်းနည်းလေးဖြစ်ဖြစ်အန်တီ့ကို လှုပ်ပြကြည့်နော်''
မလှုပ်ချင်လောက်အောင်ကို နာကျင်နေသော်လည်း ထိုအန်တီကြီးပြောသည့်အတိုင်း သူလိုက်လုပ်မိပါရဲ့။ တစ်ခုပြီးတစ်ခု လိုက်လုပ်ပြီးသည့်နောက် သူ့အား စိုးရိမ်နေတဲ့ မျက်လုံးနှင့်ကြည့်နေကြသည့် သူများရဲ့မျက်နှာထက်ဝယ် အပြုံးဆိုသည့်အရာဖြစ်ထွန်းလာလေရဲ့။ အံ့သြခြင်းအ
ပြည့် မျက်ဝန်းတစ်စုံဖြင့်ကြည့်နေသော သူလည်း ပြုံးလိုက်သလားလို့။ အမြင်မှားတာများလား။ အဲဒီနောက်တော့ သူလည်းတဖန်အိပ်စက်ခြင်းသို့...။------
ဆေးရုံအုပ် ရုံးခန်းအတွင်း၌
''မမနှင်း ကျွန်မသမီးလေး''
''ခင်မမနှင်း ကျွန်တော့်သမီးလေးရဲ့အခြေအနေလေး''
''ငယ်လေး အဆင်ပြေတယ်မလားရှင့်''
YOU ARE READING
ဆန်းကြယ်သော ကံကြမ္မာ (Complete)
Mystery / Thrillerပြင်းထန်သော ကားaccidentတစ်ခုကြောင့် comaဝင်နေသော လူနာ တစ်ဦးဟာ ၂ပတ်အကြာတွင် ထူးခြားဆန်းကြယ်စွာပြန်လည်နိုးထလာခဲ့တယ်။ သို့သော် သူဟာ အရင်လိုမဟုတ်တော့။ ဤခန္ဓာဟုဆိုသော်လည်း အတွင်းစိတ်ဟာ သူမဟုတ်။ ဘယ်သူများလဲ။ ဘာကြောင့်များ ဒီခန္ဓာကိုယ်ထဲရောက်နေရတာလဲ။