မုဆိုးကြီးတွင် မြို့သို့ပြောင်းနေရန် အစီစဥ်မရှိ

6.3K 641 6
                                    

အပိုင်း (၁၈၀) မုဆိုးကြီးတွင် မြို့သို့ပြောင်းနေရန် အစီစဥ်မရှိ

အိမ်ပြန်လမ်းတွင် ပိုင်လီက ဖုပင်းထံမှ အသေးလေးတွေရဲ့ ခါးချိတ်အဆာင်လေးတွေကို တောင်းခြင်း ခံလိုက်ရတော့လေသည်။

ဖုပင်း ပြောလာခဲ့တာက...

"ကျွန်တော်က ပြန်ယူပေးလာဆိုတော့ အသေးလေးတွေကို ကျွန်တော်ကပဲ ပြန်ပေးသင့်တယ် မဟုတ်ဘူးလား" တဲ့လေ။

ပိုင်လီမှာ ရယ်ရခက်ခက်နှင့်ပင်။ ဒီကောင်စုတ်လေးက သူ့သားတွေရဲ့ မျက်နှာသာပေးမှုကို သူနဲ့ပြိုင် လုချင်နေတာက တကယ်ရယ်စရာပဲ။

သို့သော် ဖုပင်းပြောတာက အမှားလည်းမပါနေတဲ့အတွက်​ သူ့ကအောင့်သက်သက်ဖြင့် ခါးချိတ်အဆောင်တွေကို ပေးလိုက်ရပြီး ပိုင်လီက တစ်နှစ်ပြည့်တာနဲ့ ဒီကတုံးကို ချက်ခြင်း နှင်ထုတ်ပြစ်ရမည်ဟု တွေးနေခဲ့လေသည်။

ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ အိမ်တွင် အသေးလေးတွေက သူတို့ဖေဖေ ပန်းထိုးသင်နေသည့်နား၌ လိုက်ရှုပ်နေသည်ကိုတွေ့လိုက်ရ၍ ပိုင်လီက ထိုကောင်လေးတွေကို ဖုပင်းအား ခေါ်သွားခိုင်းလိုက်တော့၏။ သူက ထိုကောင်လေးတွေကို ကျွဲအိမ်ထဲ လိုက်ပို့ဖို့ပြောလိုက်တာပါ။ ဘာလို့ဆို အဲကောင်လေးတွေက ကျွဲတွေကို တော်တော်လေးသဘောကျပြီး ကျွဲအိမ်ထဲရောက်သွားရင် အပြင်ထွက်ဆော့ဖို့တောင် မေ့နေကျတာမလို့လေ။

ထို့နောက်တော့ ပိုင်လီသည် ရှောင်ဟန်ဘေး၌ လို​က်ရှုပ်နေသည့်တာဝန်အား လွဲပြောင်းယူလိုက်တော့လေသည်။

သူက သူ့ဇနီးလေး ပန်းထိုးသင်နေသည့်အနားမှာ ဟိုသည်လိုက်မေးနေပြီး အဲတာက ပိုင်အမေနဲ့ပိုင်မိန်တို့ ရောက်လာချိန်ထိပင်ဖြစ်တော့၏။

ပိုင်မိန်ကလည်း ပန်းထိုးပညာသင်မလို့ဆိုပေမယ့် သူမက ဒီနေ့နည်းနည်းနောက်ကျနေပြီး အဲတာက ပိုင်အိမ်မှာ သိပ်မကြာခင်ပြုလုပ်မယ့် ပိုင်ကျန်းရဲ့လက်ထပ်ပွဲအတွက် ပြင်ဆင်နေရလို့ပါပဲ။

ထို့ကြောင့် သူမက အနည်းငယ်နောက်ကျနေပြီး ပိုင်အမေ လိုက်လာရခြင်းမှာတော့ သူမတို့က အစောလေးကမှ ရွာထဲက သတင်းကြားလာရခြင်းကြောင့် ဖြစ်လေသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now