သူခိုးများကိုဖမ်းစီး

5.8K 644 2
                                    

အပိုင်း (၁၇၈) သူခိုးများကိုဖမ်းစီး

နောက်တစ်နေ့မနက်တွင် ပိုင်လီက ဖုပင်းကိုခေါ်၍ အကြီးကဲကျန်းထံသို့ သွားလည်ခဲ့လေသည်။

မနေ့က ဖုပင်းမှာ ညနက်လောက်မှ ပြန်လာခဲ့ပြီး သူပြန်ယူလာခဲ့တဲ့သတင်းက ထို အသေးလေးတွေ၏ ခါးချိတ်အဆောင်လေးတွေကို ယူသွားသော မိသားစုသည် ဒီနေ့၌ မြို့လေးက တစ်စုံတစ်ယောက်ထံ သွားရောက်ရောင်းမည်ဖြစ်ကြောင်းပင်ဖြစ်သည်။

ဖုပင်း ထိုမိသားစုထံက တိတ်တိတ်လေး နားထောင်လာခဲ့တဲ့ စကားတွေအရ ထိုမိသားစုက ပိုင်လီက အသေးလေးတွေကို မုန့်တွေ အပြင်ယူသွားခွင့်မပြုတော့တဲ့အပေါ် အတော်လေး ဒေါသထွက်နေကျတယ်လို့ဘဆိုပါတယ်။

ဘာလို့ဆို အဲဒီနည်းလမ်းက မပင်ပန်းဘဲနဲ့ ငွေလွယ်လွယ်ရပြီး ရနေတဲ့ငွေကလည်း လယ်အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ရတာထက်စာရင် အတော်လေးပိုလျှံနေလို့ပါပဲ။

သို့သော် သူတို့သည် ထိုနည်းလမ်းနှင့် ငွေဘယ်လောက်မှ မရှာရသေးခင်မှာပင် ပိုင်လီက သူတို့အရင်းမြစ်အား ပိတ်ချလိုက်သော် သူတို့ကကြိတ်မနိုင်ခဲမရနှင့် အလွန် ဒေါသထွက်သွားခဲ့ကျလေသည်။

ပိုင်လီက အခုဆို အလွန်ချမ်းသာနေပါပြီ။ ဒါကို သူ့အိမ်မှာ ကလေးတွေ စားဖို့ဝယ်ထားတဲ့ မုန့်လေးတွေကိုပဲသူတို့က ယူချင်တာပေမယ့် ဒီလောက်လေးကို တွန့်တိုနေ၍ သူတို့က ပိုင်လီကို မကျေမနပ်ဖြစ်မိတာပင်။

မင်းက အရမ်းပိုလျှံနေလို့ မင်းရဲ့ကလေးတွေ စားဖို့မုန့်လေးတွေကိုတင် ဒီလောက်ဝယ်ထားတာ မဟုတ်ဘူးလား။ အဲဒါကို မျှပေးလိုက်တော့ရော ဘာဖြစ်မှာမလို့လဲ။ မင်းတို့အိမ်မှာ အပျင်းပြေစားဖို့ဝယ်ထားတဲ့ မုန့်လေးတွေကိုက သူများမိသားစုတွေကို ပြေလည်စေတယ်လေ။

ထိုအတွေးဖြင့် သူတို့သည် သူတို့က မုန့်တွေကို ကလေတွေထံက လှည့်စားယူနေသည်က ဖြစ်သင့်သည်ဟု တွေးခဲ့ကျပြီး ပိုင်လီကလည်း ဒီလောက်လေးကို မတွန့်တိုသင့်ဟု တွေးခဲ့ကျသဖြင့် ပိုင်လီက မုန့်တွေကလေးတွေကို အပြင်ယူသွားခွင့် မပြုတော့ သူတို့ကအလွန်ကို စိတ်တိုဒေါသထွက်ခဲ့ကျလေသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝOù les histoires vivent. Découvrez maintenant