Chapter 6

453 92 10
                                    

ရှောက်မင်ယင်းက အာသာဖြေပြီးတဲ့နောက် ဘေစင်ထဲမှာ လက်ဆေးလိုက်တယ်။ ဒါပေမဲ့ သူ့မျက်နှာက နည်းနည်းချင်းစီ ပူ‌တက်လာနေတုန်းပဲ၊ ဒါနဲ့သူလည်း ဘေစင်ထဲ ခေါင်းငုံ့ချလိုက်ပြီး မျက်နှာကိုပါ ထပ်သစ်လိုက်တယ်၊  ရေအေးအေးနဲ့ မျက်နှာသစ်ပြီးနောက် အနည်းငယ်လန်းသွားတယ်လို့ ခံစားလိုက်ရတယ်၊ ရှောက်မင်ယင်းရဲ့ သောက်နိုင်စွမ်းက တအားဆိုးတဲ့ထဲမပါဘူး၊ ဒါပေမဲ့ ဒီနေ့ သူသောက်လိုက်မိတာတွေက alcohol ပမာဏ တအားများလွန်းသွားတယ်၊ Island Cocktail ပါထပ်သောက်လိုက်မိတော့ သူ့ခြေထောက်တွေတောင် မခိုင်ချင်တော့ဘူး။

သူက မျက်လုံးတွေမှိတ်လိုက်ပြီး ရှေ့နေလီ ထွက်သွားလောက်ပြီလို့ တွေးလိုက်တယ်၊ သူ ခုဏက ရှေ့နေလီနားကပ်ပြီး ပြောလိုက်တဲ့စကားတွေက အပြောင်အပြက်ပြောလိုက်သလို ဖြစ်သွားလောက်ပေမဲ့ ငြင်းလိုက်တဲ့စကားဆိုတာကတော့ သိသာလွန်းပါတယ်။

ရှောက်မင်ယင်းက သူ့မျက်နှာကို သုတ်လိုက်ပြီး ဘေစင်ခေါင်းကိုတော့ ဖွင့်ထားတုန်းပဲ၊ သူက ဘေစင်ဘေးနှစ်ဖက်ကို လက်နဲ့ထောက်ထားပြီး ရေတွေဆင်းကျနေတာကို ဒီတိုင်းကြည့်နေတယ်၊ သူသောက်ထားတယ်လို့ မခံစားရဘူး၊ နည်းနည်း ငူငူငိုင်ငိုင်နှင့် ထိုင်းမှိုင်းနေသလို ခံစားရရုံဖြစ်ကာ သူ့ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းလည်းပျောက်မသွားသေးဘူး၊ သူအကောင်းကြီးပဲဆိုတာကို ဥပမာပြောပြရမယ်ဆို သူ ဘေစင်ရေပိုက်ခေါင်း ပိတ်ရမယ်၊ ပြီးရင် ဒီကထွက်မယ်၊ အိမ်ကိုတန်းပြန်မယ်၊ ဟုတ်တယ်...

သူခေါင်းမော့လိုက်တဲ့အခါမှာတော့ လူတယောက်က သူ့နောက်မှာ ရပ်နေတာကို မြင်လိုက်ရတယ်...

ရှောင်မင်ယင်းရဲ့ ပထမဆုံးတုံ့ပြန်မှုကတော့ ချက်ချင်းရှောင်လိုက်မလို့ပဲ၊ သူဒီမှာပဲ ဆက်ရပ်နေရင် ဒီနေရာက သူတိုက်ခိုက်ခံရဖို့ ဟာကွက်တွေနဲ့ တအားလွယ်ကူနေတယ်၊ ဒါပေမဲ့ သူမှန်ထဲကို တချက် စောင်းကြည့်လိုက်တော့ သူ့နောက်ကလူကို သိသွားတယ်၊ ပြီးတော့ သူက လှုပ်လည်းမလှုပ်တော့သလို လှည့်လည်းမကြည့်ဘူး...

ရှောက်မင်ယင်း ဖြစ်ပျက်နေတဲ့ပုံကို လျန်ကျန်းက နောက်ကနေရင်း အကုန်မြင်နေရတယ်၊ ထိုသူက ခေါင်းကို ဖြည်းဖြည်းချင်းခါလိုက်ပြီး မျက်၀န်းတွေက တဖြည်းဖြည်း ဝိုင်းစက်လာတယ်၊ တကယ်ချစ်ဖို့ကောင်းနေတာပဲ...

မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်Where stories live. Discover now