Chapter 7

610 109 15
                                    

"ဒါဆို ငါနောင်တမရအောင် ဘယ်သူနဲ့ နေရပါ့မလဲ?"

"မင်းနဲ့များလား?"

လျန်ကျန်းက အသက်ပြင်းပြင်းရှူလိုက်မိပြီး သူ့မျက်လုံးနက်နက်တွေနဲ့ ရှောက်မင်ယင်းကို စိုက်ကြည့်လိုက်တယ်။ သူ့နှုတ်ခမ်းကလည်း အနည်းငယ် ပွင့်ဟလာပြီး ဘာသံမှတော့ ထွက်မလာဘူး။

"စတာပါ" ရှောက်မင်ယင်းက ရှေ့ကိုဆက်လျှောက်သွားပြီး လျန်ကျန်းရဲ့ ပုခုံးကို ဖွဖွလေးပုတ်လိုက်ရင်း ပြောတယ်။

"ရှောင်ဖုန်းယို(ကလေးလေး)က အိမ်ကို စောစောပြန်နော်"

လျန်ကျန်းက ခြေထောက်တောင် ဖြောင့်အောင် မရပ်နိုင်တော့ဘူး၊ အဲ့လူက သူ့ပုခုံး ကိုပုတ်သွားတယ်၊ ဒီတခေါက်မှာတော့ သူက ရှောက်မင်ယင်းကို ကြည့်တောင်မကြည့်တော့ဘဲ လမ်းကို ထပ်ပိတ်ရပ်လိုက်ပြန်တယ်။

"ခင်ဗျား အခု.." လျန်ကျန်းကခဏရပ်လိုက်ပြီး

"ခင်ဗျား အခုဘာပြောလိုက်တာလဲ၊ ဘာကိုဆိုလိုတာလဲ"

"ဘာကို" ရှောက်မင်ယင်းက နောက်ခြေလှမ်း တလှမ်းဆုတ်ပြီး လျန်ကျန်းကိုကြည့်လိုက်တယ်။

"မင်းတကယ် ငါနဲ့ လုပ်ချင်လို့လား"

သူကပြုံးလိုက်ပြီး "ငါက ရဲနော်၊ မင်းငါနဲ့လုပ်ရဲလို့လား"

"ဘာကြောက်စရာလိုနေလို့လဲ" လျန်ကျန်းက မေးငေါ့လိုက်ပြီး သူ့အသံမှာလည်း ဒေါသသံ ပါနေတယ်၊ သူရန်စနေမိတာကို ရပ်မရပြန်ဘူး၊ သူဒီလို ရန်စကားတွေပြောမိလေလေ ပိုပြီး အချေအတင် ဖြစ်ချင်လာလေလေပဲ။

"တကယ်ပြောနေတာလား" ရှောက်မင်ယင်းက ထပ်မေးတယ်။

"ရှောင်ဖုန်းယို၊ မင်းမှာ အတွေ့အကြုံရော ရှိရဲ့လား?"

"လူတွေကို အထင်မသေးပါနဲ့" လျန်ကျန်းက ထပ်ပြီး စိတ်လှုပ်ရှားလာပြန်တယ်၊ ယောကျာ်းတယောက်က အဲ့နေရာ အတွေ့အကြုံရှိမရှိ သံသယအ၀င်မခံသင့်ဘူး၊ ရှက်စရာကြီး။

"လန်ကျိုးမှာ သွားမေးလိုက်၊ လျန်ကျန်းဆိုတဲ့ ကျွန်တော်က မိုင်းကျီတောင်လမ်းရဲ့ ရွှေနဂါးလေးဆိုပြီး နာမည်ရထားတာ၊ ကျွန်တော်ကဘယ်လိုများ အတွေ့အကြုံမရှိဘဲနေမှာလဲ"

မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်Where stories live. Discover now