Chapter 23

265 53 2
                                    

ရှောက်မင်ယင်းက သူ့ဘေးမှာရှိတဲ့ ခေါက်ကုတင်ကို လက်ညှိုးထိုးလိုက်ပြီး "ကောင်လေး ပြန်သွားပြီလေ၊ ကိုယ့်အိပ်ရာကိုယ် ပြန်အိပ်တော့"

"ဟုတ်တယ်... အဲ့တာ ကျွန်တော့အိပ်ရာ၊ ဒါပေမဲ့ ကျွန်တော် ဒီနေ့ အဲ့မှာ မအိပ်ချင်ဘူး" လျန်ကျန်းက ယုံကြည်မှုအပြည့်နဲ့ ပြောတယ် "ကျွန်တော် ဂရုမစိုက်ဘူး၊ ဘာပဲဖြစ်ဖြစ်... ကျွန်တော်တို့ အိမ်တံခါး၀မှာတုန်းက ခင်ဗျား ကျွန်တော့ကို ကတိပေးထားတယ်လေ၊ ခင်ဗျားပဲပြောတာ... ကျွန်တော် ဒီနေ့ ခင်ဗျားရဲ့အိပ်ရာကြီးမှာ အိပ်လို့ရတယ်လို့!"

လျန်ကျန်းက ပြောပြီးပြီးချင်း တွန့်လိမ် တွန့်လိမ်နဲ့ တလှုပ်လှုပ်လုပ်နေတယ်၊ သူ့ပုံစံက သူ့ကိုပဲအိပ်ခိုင်းမလား... သူသေကိုယ်သေပဲချမလားဆိုတဲ့ပုံနဲ့...

လျန်ကျန်းက ပြောမရဆိုမရလေးဖြစ်နေတော့ ရှောက်မင်ယင်းလည်း ပွစိပွစိတွေ ရန်ဖြစ်မနေချင်တော့တာနဲ့ "ကောင်းပြီလေ.. ဒါဆို ဒီနေ့ ငါခေါက်ကုတင်မှာသွားအိပ်မယ်"

လျန်ကျန်း ...

လျန်ကျန်းက နှုတ်ခမ်းဆူလိုက်ပြီး သူ့ကိုယ်ကိုထုပ်ထားတဲ့ စောင်ကို'မ'လိုက်ပြီး ကုတင်ပေါ်ကဆင်းသွားတယ်၊ သူက သူ့အပေါ်ကုတ်ကိုချွတ်ထားပြီး ဆွယ်တာနဲ့ ဘောင်းဘီရှည်ကို ၀တ်ထားတုန်းပဲ၊ လျန်ကျန်းက ကုတင်ဘေးမှာ မတ်တပ်ရပ်လိုက်ပြီး သူမပျော်ဘူးဆိုတဲ့စာလုံး‌တွေက မျက်နှာမှာအပြည့်ရေးထားသလိုကို ပေါ်နေတယ် "ကျွန်တော့ကို ချော့ဖို့သာ ပြင်ထားတော့... အိုကေ?"

"လျန်ကျန်း.. မင်းနောက်လဆို အသက်ပဲ ၂၀ပြည့်တော့မယ်၊ ၂၀ထဲ၀င်နေပြီလို့တောင် ပြောလို့ရနေပြီ... တကယ်ကို ကလေးဆန်နေတုန်းပဲ၊ သူများတွေက မင်းကို ချော့ဖို့ လိုသေးတာလား?"

"အဲ့သူများတွေကို ကျွန်တော်မလိုပါဘူး ကျွန်တော်... " လျန်ကျန်းက ခေါင်းငုံ့လိုက်ပြီး သူ့ဆွယ်တာ သူကိုင်လိုက်ရင်း တွန့်ဆုတ်ဆုတ်နဲ့ပြောတယ်၊ သူ့ မ၀ံ့မရဲဖြစ်‌နေတဲ့ အသံက သူ့အသံတောင်မဟုတ်သလိုပဲ။

"ခင်ဗျား ချော့ဖို့ပဲလိုတာ"

ရှောက်မင်ယင်းက သူကြားလိုက်ရတာကို သိပ်မရှင်းဘူး။ အဲ့တော့ သူက လျန်ကျန်းကို ထပ်ပြောဖို့ ပြောလိုက်တယ်၊ လျန်ကျန်းက ပိုရှက်သွားပြီး လက်ခါပြလိုက်တယ်၊ ကျွန်တော် မပြောချင်တော့ဘူးတဲ့၊ ပြီးတော့ အင်တင်တင်ဖြစ်‌နေပေမဲ့ ရှောက်မင်ယင်းစကားကို နာခံလိုက်ပြီး သူ့ကုတင်သူပြန်သွားတယ်၊ သူက သူ့ခေါက်ကုတင်လေးကို ကျွမ်းကျွမ်းကျင်ကျင် ဖြန့်လိုက်ပြီး ခါးကိုင်းရင်း ခပ်ငိုက်ငိုက် ထိုင်နေလိုက်တယ်၊ သူ စိတ်အားငယ်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ပုံကိုကြည့်ရတာ ရွှယ်မုန့်အတိုင်းပဲ...

မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်Where stories live. Discover now